Main menu

Background

တရုတ်ဈေးကွက်သို့ မန်းဈေးကွက်က နှမ်းတင်ပို့မှု ပိုလာ

Tue, 10/05/2010 - 10:40 -- Anonymous (not verified)

တရုတ်ဈေးကွက်သို့ မန်းဈေးကွက်က နှမ်းတင်ပို့မှု ပိုလာ     မန္တလေးဈေးကွက်မှ တရုတ်ဈေးကွက်ကို နှမ်းတင်ပို့မှုဟာ သြဂုတ်လ ထက် ယခုစက်တင်ဘာလအတွင်းမှာ ၂ဆကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ စက်တင် ဘာလအတွင်းမှာ နှမ်းဖြူ တန် ၅ဝဝဝ ကျော်နဲ့ နှမ်းနက် တန် ၄ဝဝဝ ခန့် တင်ပို့မှုရှိခဲ့ပြီး၊ သြဂုတ်လက နှမ်းဖြူတန် ၂၇ဝဝ ခန့်နဲ့ နှမ်းနက် ၁၇ဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ လတ်တလောဈေးကွက်မှာ နှမ်းသစ်ပေါ်နေပေမဲ့ လှိုင်လှိုင်မဝင် သေးဘူးလို့ သိရပါတယ်။ စက်တင်ဘာလအတွင်း မှာ နှမ်းတစ်ပိဿာ အနိမ့်အမြင့် ဈေးများကတော့ နှမ်းဖြူ ၁၉၅၆ ကျပ်၊ ၁၅၅၆ ကျပ်၊ နှမ်းနက် ၂၄၆၇ ကျပ်၊ ၁၇၁၁ ကျပ်၊ နှမ်းညို ၁၅၃၃ ကျပ်၊ ၁၂၆၇ ကျပ်ဈေးနှုန်းများနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                          သက်သက်နိုင်