Main menu

Background

ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ ပြည်မိုးနှမ်း

Tue, 10/05/2010 - 10:51 -- Anonymous (not verified)

 ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ ပြည်မိုးနှမ်း        ပြည်နှမ်းဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ပေမဲ့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ နှမ်းနက်ထိပ်စ ၄၅ ပိဿာ တစ်အိတ်ကို ၁ဝ၅ဝဝဝ ကျပ်၊ အလတ်စ ၉ဝဝဝဝ ကျပ်နဲ့ အောက်စ ၇၅ဝဝဝ ကျပ်နဲ့ဈေးငြိမ်နေပါတယ်။ အိတ်စပို့ ဝယ်လက်များမှ အဝယ်ရှိနေလို့ စက်တင်ဘာလ အတွက် ရန်ကုန်သို့ ၆၅ဝဝ အိတ်နဲ့ မန္တလေးသို့ ၁၂ဝဝ အိတ် တင်ပို့နိုင်ပါတယ်။ နှမ်းနီမှာလည်း အိတ်စပို့အဝယ်မရှိပေမဲ့ ဆီစက် သမားများမှ အဝယ်ရှိနေလို့ ၄၅ ပိဿာ တစ်အိတ်ကို ၆၅ဝဝဝ ကျပ်နဲ့ ယခင်အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ နှမ်းများကို အောင်လံနဲ့ ပြည်မြို့ပတ်ဝန်းကျင်ရွာများမှ တစ်နေ့ကို အိတ် ၃ဝဝဝ ခန့် ပုံမှန်ဝင်ရောက်လာတာတွေ့ရပါတယ်။ ဝင်ရောက် လာသလောက် အရောင်းအဝယ်ဖြစ်နေတာ တွေ့ရ ပါတယ်။ နှမ်းဆီ တစ်ပိဿာ ၂၈ဝဝ ကျပ်- ၂၉ဝဝ ကျပ်ဖြင့် ဈေးငြိမ်ပြီး အရောင်းအဝယ် ဖြစ်နေတာ တွေ့ရပါတယ်။ဝေဝေမင်း