Main menu

Background

ပြည်မြေပဲဆံဈေးငြိမ် ဆီဈေးကျ

Tue, 10/05/2010 - 10:58 -- Anonymous (not verified)

ပြည်မြေပဲဆံဈေးငြိမ် ဆီဈေးကျ      ပြည်ဈေးကွက်သို့ မိုးမြေပဲများကို အောင်လံ၊ ဒုရင်္ဂဗို၊ ပြလို့နဲ့ ပေါင်း တလည်၊ ပေါက်ခေါင်းနဲ့ ပြည်ဒေသတွင်း ရွာများမှ တစ်နေ့ကို အိတ် ၃ဝဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ မြေပဲဆံဈေးမှာ ဆီဆံတစ်ပိဿာကို ၁၅ဝဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၇ဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်တွင် ဈေးလှုပ်ရာမှ ဈေးငြိမ်နေတာတွေ့ရပါတယ်။ မြေပဲဆံကြိတ် ဆီစက်များမှ အဝယ်ရှိသလို မန္တလေး သို့ အိတ် ၇ဝဝ နဲ့ ရန်ကုန်ကို အိတ် ၁ဝဝဝ ခန့်ကို စက်တင်ဘာလအတွင်း တင်ပို့ နိုင်ခဲ့ပါတယ်။ ပြည်ဈေးကွက်တွင် တစ်နေ့ကို မြေပဲဆံအိတ် ၃ဝဝဝ ခန့် အရောင်း အဝယ်ဖြစ်တာတွေ့ရပါတယ်။ ဆီဈေးမှာလည်း တစ်ပိဿာကို ၃၅ဝဝ ကျပ်ဈေးဖြင့် ယခင်တစ်ပတ်ထက် ဈေးကျသွားတာကို တွေ့ရပါတယ်။ ဈေးကျပေမဲ့လည်း အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ဝေဝေမင်း