Main menu

Background

ယခုလ တရုတ်ပဲပုပ်တင်သွင်းမှုတန်ချိန် ၄ ဒသမ ၉၁သန်းရှိလာနိုင်

Tue, 10/05/2010 - 11:02 -- Anonymous (not verified)

ယခုလ တရုတ်ပဲပုပ်တင်သွင်းမှုတန်ချိန် ၄ ဒသမ ၉၁သန်းရှိလာနိုင်     ယခုလအတွင်း တရုတ် နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ ယခင်နှစ် ထက် ၇၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၄ ဒသမ ၉၁ သန်းထိ ရှိလာ နိုင်တယ်လို့ တရုတ်စီးပွားကူးသန်း ဝန်ကြီးဌာနက စက်တင်ဘာလ ၂၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ယင်း ပမာဏဟာ သြဂုတ်လတင်သွင်း ခဲ့တဲ့ တန်ချိန် ၄ ဒသမ ၇၇ သန်းထက် ၂ ဒသမ ၉၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ လစဉ် ပဲပုပ် တင်သွင်းမှုအနေနဲ့ ယခုနှစ် ဇွန်လမှာ တန်ချိန် ၆ ဒမသ ၂ သန်းကို စံချိန် တင်ခဲ့ ပါတယ်။ ယခုနှစ် ပထမ ၈ လ အတွင်း စုစုပေါင်း ပဲပုပ်တန်ချိန် ၃၅ ဒသမ ၅၃ သန်း ရှိပြီဖြစ်လို့ ၂ဝဝ၉ ခုနှစ်ကာလတူ တင်သွင်းမှုထက် ၂ဝ ရာခိုင်နှုန်းပိုမိုတယ်လို့ အကောက်ခွန် ဌာန(GAC) မှ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ တရုတ်နိုင်ငံ က ၂ဝဝ၉ ခုနှစ်မှာတန်ချိန် ၄၂ ဒသမ ၅၅ သန်း တင်သွင်းခဲ့ပြီး ယခုနှစ်မှာ တန်ချိန် ၅၁ သန်းကျော်ထိ ၂ဝ ရာခိုင် နှုန်းပိုမိုတင်သွင်းလိမ့်မယ်လို့ အကောက် ခွန်ဌာနမှ ခန့်မှန်းထားကြောင်း သိရပါ တယ်။ယမင်းခင်၊ှSources: china knowledge