Main menu

Background

မတ်ပဲဈေးဆက်လက်ဆင်းလာ

Tue, 10/05/2010 - 11:11 -- Anonymous (not verified)

စက်တင်ဘာ ၁၈ ရက်နေ့မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းညွှန်းကိန်းဟာ ၁၆ ဒသမ ၄၄ ရာခိုင်နှုန်းရှိလာလို့ ယခင်သီတင်းပတ်မှာရှိတဲ့ ၁၅ ဒသမ ၄၆ ရာခိုင် နှုန်းထက် ပိုမိုလာတယ်လို့ သိရပါတယ်။ အဓိကအားဖြင့် လက်လီ ပဲမျိုးစုံ၊ ကြက်သွန်နီနဲ့ ဟင်းသီးဟင်းရွက်ဈေး မြင့်တက်တာကြောင့် လို့သိရပါတယ်။ ပဲစင်းငုံ၊ ဟင်းသီးဟင်းရွက်ဈေးက ၃ ရာခိုင်နှုန်းစီ မြင့်တက်ပြီး ဘာလီ၊ ကုလားပဲနဲ့ ပြောင်းဈေးက ၂ ရာခိုင်နှုန်းစီ၊ရေထွက်ကုန်၊ ပဲနီလေးနဲ့ နွားနို့ဈေးက ၁ ရာခိုင်နှုန်းစီ မြင့်တက်ခဲ့တယ် လို့ သိရပါတယ်။မတ်ပဲဈေးဆက်လက်ဆင်းလာ     အိန္ဒိယမှာ ပဲအဓိကစိုက်ပိုျးတဲ့ မဟာရပ်ရှတရာ၊ ကာနာတာ ကာနဲ့ မဒ္ဒရာပရာဒေ့ရှ်တို့က ပဲအသစ်တွေ ဈေးကွက်ထဲဝင်ရောက်မှု အရှိန်ရလာတဲ့အပြင် ဝယ်လိုအားမရှိတာကြောင့် မတ်ပဲဈေးက ယခု တစ်ပတ်မှာလည်း ဆက်လက်ဆင်းတာတွေ့ရပါတယ်။ ပထမအကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုးရာသီ မတ်ပဲထွက်ရှိမှုဟာ တန်ချိန် ၁ ဒသမ ဝ၈သန်းခန့်မှန်းထားလို့ ယခင်နှစ်ထွက်ရှိမှုတန်ချိန် ဝ ဒသမ ၈၅ သန်းထက်တန်ချိန်တစ်သိန်းကျော် ပိုမယ်လို့ဆိုပါတယ်။ လာမယ့် ရက်တွေမှာလည်း ဈေးဆက်လက်လျော့ကျမယ်လို့ သုံးသပ်ကြပါ တယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာ မတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                              ဒေါ်လာ/တန် ဈေးကွက်      ၃ဝ .၉ .၁ဝ        ၂၉ .၉ .၁ဝ          ၂၈ .၉ .၁ဝ            ၂၇ .၉ .၁ဝ မွန်ဘိုင်း         ၁ဝဝ၂               ၁ဝ၄၆           ၁ဝ၄၁-၁ဝ၆၄           ၁ဝ၆၆-၁ဝ၇၁ဒေလီ             ၁ဝ၄၆               ၁ဝ၄၆               ၁ဝ၄၁                     ၁ဝ၉၉ချန်နိုင်း     ၁ဝဝ၂-၁၂ဝ၂        ၁ဝ၂၄-၁၂၂၄     ၁ဝ၃၆-၁၂၃၅         ၁ဝ၄၉-၁၂၄၃