Main menu

Background

ပဲတီစိမ်းဈေး အပြောင်းအလဲနည်း

Tue, 10/05/2010 - 11:26 -- Anonymous (not verified)

ပဲတီစိမ်းဈေး အပြောင်းအလဲနည်း    အိန္ဒိယပြည်တွင်းဈေးကွက်များကို ပဲထုတ်လုပ်ရာဒေသများက ပဲအသစ်တွေ ဝင်ရောက်လာပေမဲ့ အဝယ်သွက်နေတာကြောင့် ယခု တစ်ပတ်အတွင်း ပဲတီစိမ်းဈေး အပြောင်းအလဲ အနည်းငယ်သာရှိခဲ့ပါ တယ်။ ရိတ်သိမ်းစဉ်က မိုးသည်းထန်ခဲ့လို့ အခိုျ့ပဲအသစ်များ အရည် အသွေးပျက်စီးမှုတွေရှိပေမဲ့ မနှစ်ကမိုးရာသီ အထွက်ထက်ပိုမိုမယ်လို့ ခန့်မှန်းကြပါတယ်။ ပထမအကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုး ရာသီ ပဲတီစိမ်းထွက်ရှိမှုဟာ တန်ချိန် ဝ ဒသမ ၈၈ သန်းရှိနိုင်မှာ ဖြစ်ရာ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ဝ ဒသမ ၄၄ သန်းထက် တစ်ဆ ပိုမယ်လို့ဆိုပါတယ်။ ကာလတိုအတွင်း ပဲတီစိမ်းဈေးနှုန်း လျော့ကျဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါဇယား-၃                                                                                                 ဒေါ်လာ/တန်  ဈေးကွက်                ၃ဝ .၉ .၁ဝ          ၂၉ .၉ .၁ဝ             ၂၈ .၉ .၁ဝ          ၂၇ .၉ .၁ဝမွန်ဘိုင်း (ပဲတီရွှေဝါ)      ၉၃၅                 ၉၃၅                        ၉၃၁                   -ချန်နိုင်း (ပဲတီရွှေဝါ)      ၁ဝဝ၂              ၁ဝဝ၂                        ၉၉၇             ၉၈၈-၉၉၉ဒေလီ                   ၁ဝဝ၂-၁ဝ၂၄      ၁ဝဝ၂-၁ဝ၂၄              ၉၉၇-၁ဝ၁၉       ၁ဝ၄၄-၁ဝ၆၆