Main menu

Background

ပဲစင်းငုံဈေး တည်ငြိမ်သလောက်ရှိ

Tue, 10/05/2010 - 11:32 -- Anonymous (not verified)

ပဲစင်းငုံဈေး တည်ငြိမ်သလောက်ရှိ   အိန္ဒိယ ပြည်တွင်းလက်ငင်းဈေးကွက်များမှာ ပဲခွဲစက်များကအဝယ်ရှိနေတာကြောင့် ဒီတစ်ပတ်အတွင်း ပဲစင်းငုံဈေးက တည်ငြိမ်သလောက်ရှိနေတာ တွေ့ရပါတယ်။ လာ မယ့်သီတင်းပတ်အတွင်း မှာလည်း တန်ဇန်းနီးယားက တင်သွင်းပဲများ ဝင်ရောက်လာတော့ မယ်လို့ သိရပါတယ်။ လတ်တလော ရာသီဥတုကောင်းနေခြင်းက ပဲပင်များတိုးတက်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ပထမ အကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုးရာသီပဲစင်းငုံ တန်ချိန် ၃ ဒသမ ၂၇ သန်းထွက်ရှိနိုင်မှာဖြစ်လို့ ယခင်နှစ်ကထွက်ရှိတဲ့ တန်ချိန် ၂ ဒသမ ၅၅ သန်းထက် တန်ချိန် ၇ သိန်းခန့်ပိုမယ်လို့ မျှော်မှန်းထား ပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဖွယ်ရှိ တယ်လို့ခန့်မှန်း ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံ ဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်။ဇယား-၄                                                                                            ဒေါ်လာ/တန် ဈေးကွက်                  ၃ဝ .၉ .၁ဝ            ၂၉ .၉ .၁ဝ           ၂၈ .၉ .၁ဝ          ၂၇ .၉ .၁ဝမွန်ဘိုင်း (မြန်မာပဲစင်းငုံ)   ၇၇၉-၇၉၆                ၈ဝ၁                  ၈ဝ၃-၈ဝ၉         ၇၉၉-၈ဝ၅ဒေလီ (မြန်မာပဲစင်းငုံ)         ၈ဝ၁                   ၈ဝ၇                     ၈ဝ၉                ၈၁ဝချန်နိုင်း( မြန်မာပဲစင်းငုံ)       ၇၉ဝ                    ၇၉ဝ                     ၇၈၇                ၇၇၇