့ပြည်ပပို့ကုန်အမေရိကန်ဒေါ်လာ သန်း ၈၈၄၀ သို့ရောက်ရှိပြီး ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း၅၅၀ ပိုမိုရရှိ

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ''ကုန် သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ေ အာင် ဆောင်ရွက် ရန်''ဆိုတဲ့ အချက် ကို    ဝန်ကြီးဌာနရဲ့ VISIONအဖြစ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။အဲဒီလိုဆောင်ရွက်လျက်ရှိရာမှာ  မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုဟာ ယခုနှစ် ဇန်နဝါရီလ တတိယပတ်အထိ ပို့ကုန်အမေရိကန်ဒေါ်လာ သန်း ၈၈၄၀ ခန့်၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၂၇၉၅ သန်း ကုန် သွယ်နိုင်ခဲ့ပြီး   စုစုပေါင်း ကုန်သွယ်မှုပမာဏ  အမေရိကန်ဒေါ်လာ ၂၁၆၃၅ သန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ယခုနှစ်ဇန်နဝါရီလအတွင်းဆောင်ရွက်ခဲ့တဲ့ကုန်သွယ်မှုပမာဏ ကို ယခင်နှစ်ကာလတူနဲ့  နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ပို့ကုန်မှာ အမေရိကန်ဒေါ် လာ ၅၂၆ သန်း ပိုမိုတင်ပို့နိုင်ပြီး သွင်းကုန်မှာ အမေ ရိကန်ဒေါ်လာ ၄၈၂ သန်း လျော့ နည်းတင်သွင်းခဲ့တဲ့အတွက်ကုန်သွယ် မှုပမာဏအနေနဲ့ အမေရိကန် ဒေါ်လာ ၄၄ သန်း ပိုမိုဆောင်ရွက်နိုင် တာကို တွေ့ရှိရပါတယ်။ဒ့ါအပြင်ပြည်ပပို့ကုန် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၈၈၄၀ အနက် နိုင်ငံ ပိုင် ကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း ၂၇၆၀၊ ပုဂ္ဂလိကကဏ္ဍမှာ အမေရိကန်ဒေါ်လာသန်း ၆၀၈၀ တင်ပို့နိုင်တာကို ကြည့်ခြင်းအားဖြင့် နိုင်ငံပိုင်နဲ့ပုဂ္ဂလိကကဏ္ဍဟာ ၃၁ အချိုး ၆၉ ဖြစ် နေတဲ့အတွက် နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ၁၂ ချက်အနက် အချက် (၇)ဖြစ်တဲ့''ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍတိုး တက်ရေးအတွက် နိုင်ငံသားတိုင်းမိမိလုပ်ကိုင်လိုတဲ့   စီးပွားရေး လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိစေရန်''ဆိုတဲ့ အချက်နဲ့ ကိုက်ညီနေတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
ယခင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ကြည့်လျှင်ပို့ကုန်တင်ပို့မှုမှာ နိုင်ငံပိုင်ကဏ္ဍက အမေရိကန်ဒေါ်လာ ၁၂၇၅ သန်း လျော့နည်းတင် ပို့ပြီး ပုဂ္ဂလိကကဏ္ဍက အမေရိကန်ဒေါ်လာ ၁၈၀၁ သန်း ပိုမိုတင်ပို့ နိုင်တာကို တွေ့ရပါတယ်။
ပြည်ပသွင်းကုန်တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ၁၂၇၉၆ သန်းအနက်  နိုင်ငံပိုင်ကဏ္ဍမှာအမေရိကန်ဒေါ်လာ ၄၇၂သန်း၊ပုဂ္ဂလိ က ကဏ္ဍမှာ  အမေရိကန်ဒေါ်လာ ၁၂၃၂၄သန်း  တင်သွင်းခဲ့တဲ့ အတွက် ၄ အချိုး ၉၆ ရှိခဲ့ရာ သွင်းကုန်တင်သွင်းမှုမှာ ပုဂ္ဂလိကကဏ္ဍက ပိုမို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့အဓိကတင်ပို့တဲ့ ပစ္စည်းတွေအနက် သဘာ၀ ဓာတ်ငွေ့၊ သစ်ပါးလွှာနဲ့အထပ်သား၊ ငါးကလွဲရင် ကျန်တဲ့ကုန်ပစ္စည်း တွေဟာ လယ်ယာထွက်ကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ  တောင်သူလယ်သမားများ၊ စိုက်ပျိုး ထုတ်လုပ်သူများဖြစ်ပြီး ဆန်၊ ပဲမျိုးစုံ၊ ပြောင်းတို့ကို အဓိကထားပြီး အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့အတွက် ပြည်ပကို တင်ပို့တဲ့အခါမှာ လည်း အများဆုံးတင်ပို့ နိုင်ခဲ့ပါတယ်။
နိုင်ငံပေါင်း ၅၂ နိုင်ငံသို့   အမေရိကန်ဒေါ်လာသန်း ၃၆၀ တန်ဖိုးရှိတဲ့ ဆန်တန်ချိန် ၁၀၉၂၃၃၀ တန် တင်ပို့ နိုင်ခဲ့ပေမယ့်တရုတ် နိုင်ငံကို အဓိက တင်ပို့နေတာဖြစ်ပါတယ်။ ဆန်နဲ့ဆန်ကွဲတင်ပို့မှု ပမာဏစုစုပေါင်းရဲ့ ၇၂ ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာသန်း ၂၆၀)  ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတင်ပို့ရောင်းချရာမှာ ပင်လယ်ရေကြောင်းက တင်ပို့ တာဟာ အမေရိကန်ဒေါ်လာ ၁၃သန်း(တရုတ် နိုင်ငံသို့ တင်ပို့ခဲ့တဲ့ ပမာဏရဲ့ငါးရာခိုင်နှုန်း)သာတင်ပို့နိုင်ခဲ့ပြီး ကျန်တဲ့ ၉၅ ရာ ခိုင်နှုန်း ကတော့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့ခဲ့တာဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်မှုတွင်လည်း ယခင့်ယခင်နှစ်များက မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှသာ အဓိကတင်ပို့ရပေမယ့်  ဒီနှစ်မှာ တော့လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း တင်ပို့လျက်ရှိ ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ဆန်ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ဖို့  စီးပွား ရေးနှင့့််ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နဲ့ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ် ကြီHE  Mr. K.W.N.D  Karunaratneတို့ ဇန်နဝါရီလ ၂၃ ရက်က တွေ့ဆုံခဲ့ရာမှာသီရိလင်္ကာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တ ရာယ်များကြောင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ငါးသောင်းကို ဝယ်ယူ လိုကြောင်း ကမ်းလှမ်းလာခဲ့ပါတယ်။  အဲဒီလိုဝယ်ယူဖို့အတွက်ကို လည်း မြန်မာနိုင်ငံနဲ့သီရိလင်္ကာနှစ်နိုင်ငံ ကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံက လိုအပ်နေတဲ့ ဆန်တန်ချိန်   ငါးသောင်းကို တင်ပို့နိုင်ဖို့အတွက် သက်ဆိုင်ရာအသင်းအဖွဲ့ များ၊ ဆန်စပါးလုပ်ငန်း ရှင်များနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့   နှစ်နိုင်ငံမှ တာဝန်ရှိ သူအသီးသီးက ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ  စိုက်ပျိုးလျက်ရှိတဲ့ ပဲမျိုးစုံတွေအနက် မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတို့ကို ပြည်ပနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိပါ တယ်။ မတ်ပဲကို နိုင်ငံပေါင်း ၄၆ နိုင်ငံကို တင်ပို့ခဲ့ရာ အများဆုံးတင်ပို့ တဲ့နိုင်ငံတွေကတော့ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ စင်္ကာပူ၊ အာရပ်နိုင်ငံတွေ ဖြစ်ပါတယ်။ ပဲတီစိမ်းကို  နိုင်ငံပေါင်း  ၅၁  နိုင်ငံသို့ တင်ပို့ခဲ့ပြီး အများဆုံးတင်ပို့ခဲ့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေး ရှားနဲ့  စင်္ကာပူနိုင်ငံတွေ ဖြစ်ပါတယ်။ ပဲစင်းငုံကို နိုင်ငံပေါင်း ၂၈ နိုင်ငံသို့ တင်ပို့ ပြီး အများဆုံးတင်ပို့ခဲ့တဲ့ နိုင်ငံတွေက တော့ အိန္ဒိယ၊ စင်္ကာပူ၊ အင်ဒိုနီးရှား နိုင်ငံတွေပဲ ဖြစ်ပါတယ်။
ပြောင်းတင်ပို့မှုများအနက် အမေ ရိကန်ဒေါ်လာ ၁၇၆သန်း တန်ဖိုးရှိတဲ့ ပြောင်းတန်ချိန် ၈၃၆၄၉၉ တန်ကို နိုင်ငံ ကိုးနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။စုစုပေါင်းတင်ပို့မှုရဲ့ ၉၈ ရာခိုင်နှုန်း ကို တရုတ်နိုင်ငံ သို့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံသို့   တင်ပို့ခဲ့တဲ့ပြောင်း တန်ချိန်အားလုံးဟာ နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ဇုန်များဖြစ်တဲ့  မူဆယ်နဲ့ ချင်းရွှေဟော်စခန်းတို့မှ တင်ပို့ခဲ့တာဖြစ်ပါတယ်။
နှမ်းတင်ပို့မှုများအနက် အမေရိ ကန်ဒေါ်လာ ၁၂၅သန်းတန်ဖိုး ရှိတဲ့ နှမ်းတန်ချိန် ၉၁၃၂၁ တန်ကို နိုင်ငံ ပေါင်း ၁၂ နိုင်ငံသို့ တင်ပို့ ခဲ့သော်လည်း  အမေရိကန်ဒေါ်လာ ၁၀၃ သန်းတန်ဖိုးရှိတဲ့ပြောင်းများ ကိုတရုတ်နိုင်ငံသို့လည်းကောင်း၊   အမေရိကန်ဒေါ်လာ ၁၂ သန်း တန်ဖိုးရှိတဲ့ ပြောင်းများကို ဂျပန်နိုင်ငံသို့လည်းကောင်း၊ အမေရိ ကန် ဒေါ်လာ ၆သန်းတန်ဖိုးရှိတဲ့ ပြောင်းများကို စင်ကာပူနိုင်ငံသို့လည်း ကောင်း အဓိကတင်ပို့ခဲ့ပါတယ်။
ယင်းကဲ့သို့ ပြောင်းတင်ပို့မှုများအနက်  တရုတ်နိုင်ငံသို့တင်ပို့ ရာမှာ နယ်စပ်ကုန်သွယ်မှုမှ ၉၆ ရာခိုင်နှုန်းတင်ပို့ ခဲ့ရာမှာ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။
ပို့ကုန်ကဏ္ဍများအနက် သဘာဝဓာတ်ငွေ့တင်ပို့မှုမှအမေရိကန်ဒေါ်လာ  ၁ ဒသမ ၂ ဘီလီယံ လျော့နည်းတင် ပို့ခဲ့ပေမယ့်လယ်ယာ ထွက်ကုန်များကို ပိုမိုတင်ပို့နိုင်ခဲ့တဲ့အပြင Re-export စနစ်နဲ့ သကြား တင်ပို့မှုကိုပါ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ယခင်နှစ်ထက် အမေရိ ကန်ဒေါ်လာသန်း ၅၅၀ ခန့်ပိုမို ဆောင်ရွက်နိုင်တာကို တွေ့ရှိရပါ တယ်။
ပြည်ပသို့ အမေရိကန်ဒေါ်လာ သန်း ၈၈၄၀ ခန့်တန်ဖိုးရှိတဲ့ပို့ ကုန်တင်ပို့မှုများအနက် နယ်စပ်ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ သန်း ၃၄၅၀ ဆောင်ရွက်နိုင်ခဲ့ပြီးပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာသန်း ၅၃၉၀ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ပို့ကုန်ကဏ္ဍမှာ နယ်စပ်ကုန်သွယ်မှုရဲ့ပါဝင်မှုဟာ ၃၉ ရာခိုင်နှုန်းရှိတဲ့အတွက်နယ်စပ်ဒေသတစ်လျှောက် နယ်မြေအေး ချမ်းလုံခြုံမှုရှိမှသာ ကုန်စည်ကူးသန်းရောင်းဝယ်ရာမှာ အရှိန်အဟုန် မပျက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ကုန်သွယ်မှုတိုးတက်မှသာလျှင် နိုင်ငံတော်ရဲ့ဝင်ငွေများ တိုး တက်လာမှာဖြစ်ပါတယ်။ဒါ့အပြင် စီးပွားရေးတိုးတက်အောင်ဆောင် ရွက်နေတဲ့နိုင်ငံတော်ရဲ့ရည်မှန်းချက်ကို   အောင်မြင်စေဖို့အတွက် အပြည့်အဝအထောက်အကူ ပြုနိုင်မှာဖြစ်ပါကြောင်း ရေးသားတင် ပြလိုက်ရပါတယ်။