Main menu

Background

သဘာဝရော်ဘာတင်ပို့ခွန် အစီအစဉ်သစ်

Wed, 10/06/2010 - 03:36 -- Anonymous (not verified)

 သဘာဝရော်ဘာတင်ပို့ခွန် အစီအစဉ်သစ်    ထိုင်းနိုင်ငံက သဘာဝရော်ဘာတင်ပို့ခွန်ကို တိုးမြှင့်ဖို့စီစဉ်ထားလျက်ရှိပါတယ်။ သဘာဝရော်ဘာဈေးနှုန်း မှာ တစ်ကီလိုဂရမ်ကို ဘတ် ၈ဝ အောက်ဖြစ်ပါက ပို့ကုန်ခွန်တစ်ကီလိုဂရမ်ကို လက်ရှိ ၁ ဒသမ ၄ ဘတ်ကောက်ခံ နေရာမှ ၂ ဘတ်သို့လည်းကောင်း၊ ရော်ဘာဈေးနှုန်းမှာ တစ်ကီလိုဂရမ်ကို ၈ဝ ဘတ်မှ ၁ဝဝ ဘတ်အကြားရှိပါက ပို့ကုန်ခွန်ကို တစ်ကီလိုဂရမ် ၃ ဘတ်သို့လည်းကောင်း၊ ရော်ဘာဈေးနှုန်းမှာ တစ်ကီလိုဂရမ်ကို ၁ဝဝ ဘတ်အထက်ရှိ ပါက ပို့ကုန်ခွန်ကို တစ်ကီလိုဂရမ်ကို ၅ ဘတ်ကိုလည်းကောင်း အသီးသီးတိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။              ၎င်းသဘာဝရော်ဘာတင်ပို့ခွန်တိုးမြှင့်ကောက်ခံတဲ့ အစီအစဉ်က ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး သဘာဝရော်ဘာတင်ပို့ခွန်တိုးမြှင့်ကောက်ခံရခြင်းနဲ့ အသေးစားသဘာဝရော်ဘာ လုပ်ငန်းရှင်များအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ဖို့အပါအဝင် သဘာဝရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အမျိုးသား သဘာဝရော်ဘာရန်ပုံငွေတိုးမြင့်စေဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ ပင်လယ်ရပ်ခြားနိုင်ငံများရဲ့ ထုတ်လုပ်မှုစရိတ် ထက် ပိုမိုနိမ့်ကျတဲ့ ထိုင်းသဘာဝရော်ဘာထုတ်ကုန် ကုန်ချောများ ထုတ်လုပ်တဲ့ကဏ္ဍကိုလည်း နိုင်ငံခြားရင်းနှီးမြုပ်နံှ သူများကို ဆွဲဆောင် သွားနိုင်ဖို့လည်း ရည်ရွယ်ခဲ့ပါတယ်။ှ                                                                                                    Source:thanir.com,မျိုးမျိုးထိုက်