Main menu

Background

သဘာဝရော်ဘာရောင်းလိုအား လာမယ့်နှစ်တိုင်အောင် အခက်ကြုံနိုင်

Wed, 10/06/2010 - 03:39 -- Anonymous (not verified)

 သဘာဝရော်ဘာရောင်းလိုအား လာမယ့်နှစ်တိုင်အောင် အခက်ကြုံနိုင်          သဘာဝရော်ဘာဟာ နောက်နှစ်အထိ အပင်အိုတွေရဲ့အထွက်နှုန်းကျဆင်းတာကြောင့် ရောင်းလိုအား အကျပ် အတည်းတွေနဲ့ ကြုံဦးမှာဖြစ်ပြီး ထုတ်လုပ်မှုလဲ နှေးကွေးသွားမယ်လို့ ရော်ဘာထုတ်လုပ်သော နိုင်ငံများ အသင်း ( ANRPC) ကပြောကြားခဲ့ကြောင်း သိရပါတယ်။ ဒီနှစ်တစ်နှစ်လုံး ရောင်းလိုအား အကျပ်အတည်း ကြုံတွေ့နေရဦးမှာ ဖြစ်ပြီး ၂ဝ၁၁ လောက်မှာတော့ အပြောင်းအလဲ ဖြစ်နိုင်ချေရှိကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။ ဈေးကွက်ကတော့ ခိုင်မာဆဲဖြစ်ပြီး အဓိကရော်ဘာ ထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ မိုးကြီးပြီး တာယာရောင်းလိုအားကို ထိခိုက်စေခဲ့ပါတယ်။ ရော်ဘာရဲ့အမြင့်ဆုံး အဆင့်ကိုမြှင့်တင်ခဲ့ပြီး ငါးလအတွင်း ကမ္ဘာ့ဈေးကွက်မှာ လေးနှစ်အတွင်း အဆိုးဆုံး ပြတ်လတ်မှု ဖြစ်ခဲ့ကာ လာမယ့်နှစ်မှာ ရာသီဥတုအခြေအနေကြောင့် ရောင်းလိုအားအခက်တွေ့ပြီး ဝယ်လိုအားကတော့ ကောင်းနေအုံးမှာ ဖြစ်ကြောင်းသိရပါတယ်။ တာယာလုပ်ငန်းတွေအတွက် ရောင်းလိုအား အကျပ်အတည်းရှိပြီး ဝယ်လိုအား ကောင်းတာကြောင့် ရော်ဘာဈေးနှုန်း ရှေ့ဆက် ်မြင့်တက်နေဦးမှာဖြစ်ကြောင်း  (Future agri Trade ) ကုမ္ပဏီရဲ့ ဈေးကွက် အရာရှိကပြောကြားခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ အဓိက ရော်ဘာထုတ်လုပ်ရေးဧရိယာ ဖြစ်တဲ့ တောင်ပိုင်းဒေသမှာ မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိပြီး ရောင်းလိုအား ပြတ်လတ်ဦးမှာ ဖြစ်တယ်လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ထုတ်လုပ်မှုက တတိယနဲ့ စတုထ္ထသုံးလပတ်မှာ ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ၃ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ထုတ်လုပ်သူများအုပ်စုကပြောခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ ရော်ဘာ ထုတ်လုပ်မှုဟာ ဇူလိုင်လမှာ ဆောင်းရာသီ ရှည်လျားပြီး မိုးများ တာကြောင့် ၂၃ ရာခိုင်နှုန်း အထိကျဆင်းခဲ့ တယ်လို့ ၎င်းအုပ်စုက ဆက်လက်ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီကနေ ဧပြီအထိ ဆောင်းကာလဖြစ်ကာ ရော်ဘာပင်များအရွက်ကြွေပြီး အစေးထွက်နှုန်း   နှေးတာကြောင့် ထုတ်လုပ်မှု ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။      ထိုင်းနိုင်ငံဟာ ဒီနှစ်မှာ ရော်ဘာမက်ထရစ်တန် ၃ ဒသမ ၂၈ သန်း ထုတ်လုပ်နိုင်ဖွယ်ရှိပြီး ယခင်နှစ်ကတန်ချိန် ၃ ဒသမ ၁၆ သန်းကျော်ထုတ်လုပ်ခဲ့ကြောင်းသိရပါတယ်။ အင်ဒိုနီးရှားကတော့ တန်ချိန် ၂ ဒသမ ၅၉ သန်း ထုတ်လုပ် နိုင်ဖွယ်ရှိကြောင်း ထုတ်လုပ်သူများအုပ်စုကပြောကြားခဲ့ပါတယ်။ ပထမလေးလပတ်ကနေ ဇူလိုင် သြဂုတ်ထိကာလမှာ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့မှ ဝယ်လိုအားတွေကျဆင်းပြီး 0x158င်းသုံးနိုင်ငံက သွင်းကုန်ကျဆင်းတဲ့အတွက် ကမ္ဘာ့ဝယ်လိုအား ကျ ဆင်းခဲ့ကြောင်းလည်း ရော်ဘာထုတ်လုပ်ရေးအုပ်စုက ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ တရုတ်ရဲ့ ရော်ဘာသုံးစွဲမှုဟာ တတိယသုံးလပတ်မှာ ၄ ဒသမ ၃ရာခိုင်နှုန်းတိုးပြီး ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ၂၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရပါ တယ်။ အိန္ဒိယရဲ့ ဝယ်လိုအားက ဇူလိုင်နဲ့ စက်တင်ဘာလကြားမှာ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ၁၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းရရှိပါတယ်။ Source : Bloomberg.com,KZW