ပြောင်းဖူးစေ့အသစ်ကို ကြာကြာမသိုလှောင်ဘဲ အမြန်တင်ပိုရောင်းချနေ စက်တင်ဘာလ ၂၂ ရက်မှ ၂၈ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်း များမှတစ်ဆင့် ပြောင်း ဖူးစေ့ ၅၂၅၃ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၈၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၁၆၉ တန်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁ဝ၈၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ပြည်တွင်းဈေးနဲ့ တစ်ဖက် နိုင်ငံဈေးများကျဆင်းခဲ့သော်လည်း စိုထိုင်းဆများပြီး ကြာရှည် သိုလှောင် ထားပါက အရောင်အသွေး ထိခိုက်မည်စိုး၍ ပြောင်းဖူးစေ့အသစ်များကို ထုတ်ရောင်းချခဲ့သဖြင့် ယခုအပတ်မှာ တင်ပို့မှုပိုမိုခဲ့ခြင်းဖြစ်ပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ်ပြောင်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၃၃၈၇၆ ၂၅၄၃၂၈ ၂ဝ၄၅၂ ၉ ၂၆၈ ၂၉၂ ၂၄ ၉MIRT (DOBT)
Background