Main menu

Background

ရုရှက အာလူးဂံျုဈေးမြင့်မှုကိုကာကွယ်

Wed, 10/06/2010 - 04:00 -- Anonymous (not verified)

ရုရှက အာလူးဂံျုဈေးမြင့်မှုကိုကာကွယ်        ရုရှအစိုးရက ပြည်တွင်းစားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုမှသက်သာစေဖို့ အကောက်ခွန်အဖွဲ့အစည်း ကို အာလူး၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂံျု (buckwheat) အပေါ်တွင် သွင်းကုန်ခွန်ကို ၆ လကြာ ဖျက်သိမ်းပေးဖို့ စက်တင်ဘာလ၂၄ ရက်နေ့ က တောင်းဆိုခဲ့ကြောင်းသတင်းရရှိပါတယ်။        ရုရှတွင် မိုးခေါင်မှုကြောင့် ကောက်ပဲသီးနံှထွက်နှုန်းကျဆင်းခဲ့မှုကို ကာမိ စေဖို့ အတွက် သွင်းကုန်ခွန် ကင်းလွတ်ခွင့်ကို တောင်းဆိုခြင်း ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးခုျပ် Viktor Zubkov  မှပြောကြားခဲ့ပြီး အကောက်ခွန် ဆွေးနွေးပွဲကို အဖွဲ့ဝင် နိုင်ငံများနဲ့ လာမဲ့လအတွင်း ပြုလုပ်သွားဖို့ ရည်မှန်းထားခဲ့ပါတယ်။       ယခုလောလောဆယ်တွင် အာလူးနဲ့ ဂေါ်ဖီထုပ်အပေါ်တွင် ကောက်ခံ နေတဲ့ အခွန်နှုန်းမှာ ၁၅ ရာခိုင်နှုန်း ဖြစ်ပြီး ပန်းဂံျု (buckwheat) ပေါ်တွင် ကောက်ခံနေတဲ့ အခွန်နှုန်းမှာ ၁ဝ ရာခိုင်နှုန်းဖြစ်ပါတယ်။ အကောက် ခွန်နှုန်းလျှော့ချဖို့ တောင်းဆို ခဲ့ရခြင်းက သြဂုတ်လတွင် ဂုံျဈေးနှုန်းများ ၃၁ ရာခိုင်နှုန်း ခုန်တက် သွားခဲ့တာကြောင့် ဒီလိုတောင်းဆိုခဲ့ကြောင်း ပြောခဲ့ပါတယ်။       သွင်းကုန်တိုးတက်တင်သွင်းခြင်းနဲ့ ဈေးနှုန်းများမြင့်တက်သွားခြင်းမှ သက်သာစေဖို့ ရည်ရွယ်ခဲ့ကြောင်း၊ ရုရှတွင် အာလူး စားသုံးမှုက တန်ချိန် ၂၉ သန်းဖြစ်ရာ အာလူးထွက်ရှိမှုက တန်ချိန် ၂၂ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားတာကြောင့် တန်ချိန် ၇ သန်းခန့် အထွက်လျော့ မှာဖြစ်ကြောင်း ၊ အာလူးကို အီဂျစ်၊ တရုတ်၊ ဟော်လန်နဲ့ ပြင်သစ်မှ တင်သွင်းနိုင်ပြီး ဈေးနှုန်းညှိနှိုင်း သွားမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ အောက်တိုဘာလကုန်တွင် သီးနံှများ ရိတ်သိမ်းပြီးနိုင်ပြီး နိုဝင်ဘာလ တွင်မှ ဝယ်ယူနိုင်မှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ှ                                                                                                                                     Source:rt.com,                                                                                                                                     အေးမွန်မွန်လှိုင်