Main menu

Background

ဧရာဝတီတိုင်းဒေသကြီးမှ ငါးခြောက်များရန်ကုန်သို့ လှိုင်လှိုင်ဝင်စပြု

Wed, 10/06/2010 - 05:58 -- Anonymous (not verified)

 ဧရာဝတီတိုင်းဒေသကြီးမှ ငါးခြောက်များရန်ကုန်သို့ လှိုင်လှိုင်ဝင်စပြု        ဧရာဝတီတိုင်းဒေသကြီး၏ ဒေသများဖြစ်သော ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ ပုသိမ်၊ မော်ကျွန်း စသည့်ဒေသများ ၏ အဓိကထွက်ကုန် တစ်မျိုးဖြစ်သော ငါးခြောက်များမှာ စက်တင်ဘာလဆန်းမှစ၍ ရန်ကုန် သို့ လှိုင်လှိုင်ဝင်စ ပြုပြီဖြစ် ကြောင်း ဘုရင့်နောင်ဈေးရှိ ငါးခြောက်လက်ကားဒိုင်များမှ သိရသည်။      '' စက်တင်ဘာလ စတုတ္ထပတ်ထဲမှာ ငါးခြောက်ပိဿာ ချိန် ၂ဝဝဝဝ နီးပါး ရှိပါတယ်။ အလားတူ စက်တင်ဘာ လ တတိယပတ်မှာ ငါးခြောက်ပိသာချိန် ၉၃ဝဝ၊ စက်တင်ဘာလ ဒုတိယပတ်မှာ ငါးခြောက်ပိသာချိန် ၁၁ဝဝဝ ကျော်နဲ့ပထမ ပတ်မှာ ငါးခြောက်ပိသာ၁ဝဝဝဝ ခန့် စုစုပေါင်း ငါးခြောက်ပိသာချိန် ၅ဝဝဝဝ နီးပါးကို ရေကြောင်းကနေ တင်ပို့ ပေးခဲ့ရပါတယ် '' ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ (၁)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။         ဧရာဝတီတိုင်းမှ ဝင်ရောက်လာသည့် ငါးခြောက်များအနက် အာဗြဲခြောက်၊ ငါးပုတ်သင်ခြောက်နှင့်ငါး မြီးတန် သွယ်ခြောက်တို့ အများဆုံးပါဝင်ခဲ့သည်ဟု ဆိုသည်။                                                                                                                                         ခင်မျိုးသွယ်