Main menu

Background

ဂဏန်းများ ချင်းရွှေဟော်မှ စတင် တင်ပို့ပြီ

Wed, 10/06/2010 - 06:28 -- Anonymous (not verified)

ဂဏန်းများ ချင်းရွှေဟော်မှ စတင် တင်ပို့ပြီ       ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၃ဝရက်နေ့က စတင်၍ မြန်မာနိုင်ငံက ဖမ်းဆီးရမိသည့်ကဏန်းများကို ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပထမဆုံးစွန့်ဦးတီထွင် ဈေးကွက်သစ်ရှာဖွေ တင်ပို့နိုင်ခဲ့ပြီ ဖြစ်ပါသည်။       '' သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့မူဆယ်အခြေစိုက်ကုမ္ပဏီတစ်ခုကနေ ပထမဆုံးစမ်းသပ်တင်ပို့တာပါ။ လေလံဈေးကကဏန်းအရှင် မက်ထရစ် တန် တစ်တန်ကို ၂၅၅ဝ ဒေါ်လာရှိပါ တယ်။ မန္တလေး-မူဆယ်၊ မန္တလေး- ချင်းရွှေဟော်ဆိုပြီး နှစ်လမ်းရှိရာမှာ ချင်းရွှေဟော် စခန်းကနေ တင်ပို့သူတွေ အနေနဲ့ မန္တလေး ကနေ ရေပူ ချက်ပွိုင့် မှာဝင်ရောက်စစ်ဆေး ခံပြီး ချင်းရွှေ ဟော်ကို ပို့ရာမှာ ညနေပိုင်း က ကားစထွက်ရင် နောက်တစ်နေ့ မနက်ပိုင်းဆို ရောက်ပါတယ်။ လမ်းခရီးမှာအသေအ ပျောက်နည်းတာတွေ့ရပါတယ်။ ပထမ ဆုံးတင်ပို့တာ ၃ ဒသမ ၆ တန်ပါ။ တစ်လကို တန် ၁ဝဝ လောက်တင်ပို့ နိုင်ဖို့ မျှော်မှန်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်'' ဟုချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။       ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းက တင်ပို့သူများအနေဖြင့် ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၂၃ ရက်အထိ ကဏန်းများ တင်ပို့ခဲ့သည့် အတွေ့အကြုံများအရမူဆယ် ဈေးကွက်နှင့်မခြား ဈေးကွက် ခိုင်မာမှု ရှိကြောင်း သိရသည်။         ခင်မျိုးသွယ်