Main menu

Background

မြို့လယ်နှင့် မနီးမဝေးမြေကွက်များ အရောင်းအဝယ်ရှိလာ

Wed, 10/06/2010 - 07:40 -- Anonymous (not verified)

မြို့လယ်နှင့် မနီးမဝေးမြေကွက်များ အရောင်းအဝယ်ရှိလာ          ရန်ကုန်မြို့လယ်နှင့် မနီးမဝေးနေရာများရှိ မြေကွက်များအရောင်းအဝယ်ရှိလာကြောင်း အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီများထံက သိရသည်။ ''စက်တင်ဘာလ ၂ဝ ရက်နောက်ပိုင်း ရန်ကုန်မြို့လယ်နဲ့ မနီးမဝေး မြို့နယ်တွေဖြစ်တဲ့ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မရမ်းကုန်းမြို့နယ်တွေထဲက မြေကွက်များအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်ထဲက RC  နှစ်ထပ်၊ မြေကွက် ပေ ၈ဝ ပတ်လည်ကို ကျပ်သိန်း ၃ဝဝဝနဲ့တည့်သွားတယ်။ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း ပေါ်က ဧကတစ်မတ်လောက်ရှိတဲ့မြေကွက်နဲ့RC နှစ်ထပ်ကို ကျပ်သိန်း ၁၈ဝဝ ဝန်းကျင် အင်းစိန်မြို့နယ် ၁ဝ မိုင်ကုန်း ဝန်းကျင်မှာ မြေကွက်သက်သက်ကို ကျပ်သိန်း ၅ဝဝ၊ ကျပ်သိန်း ၁၂ဝဝ နေရာအနေ အထားပေါ်မူတည်ပြီး ခေါ်ဈေး နဲ့တည့်ကြတယ်။ အဲဒီဝန်းကျင်မှာပဲ RC နှစ်ထပ်ပါ မြေကွက်တစ်ကွက်က ကျပ်သိန်း ၁၈ဝဝ နဲ့ အဆင်ပြေသွားတယ်။ မင်္ဂလာဒုံဘက်ကစက်မှုဇုန်မြေကွက်တွေမှာ တစ်ဧကကို ကျပ်သိန်း ၅၅ဝ နဲ့ သိန်း ၆ဝဝ ကြားတည့်ကြတယ်။ ရွှေလင်ပန်း စက်မှုဇုန်က ခေါ်ဈေးမြင့်ပေမယ့် တကယ်တည့်တော့ တစ်ဧကကို ကျပ်သိန်း ၅ဝဝ-၆ဝဝ တွေနဲ့ပါ။ အမှတ် ၃ လမ်းမပေါ်က၂၅ ဧကဝန်းကျင် မြေကွက်ကို ကျပ်သိန်း ၂ဝဝဝ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်'' ဟု ယူနီတီအိမ်မြေခြံကဦးဇော်ဇော်က အတည်ပြုပြောကြားသည်။ ခင်မျိုးသွယ်