Main menu

Background

ကလောချင်းတွေ အောင်ပန်းဈေးကွက်စဝင်

Wed, 10/06/2010 - 07:49 -- Anonymous (not verified)

ကလောချင်းတွေ အောင်ပန်းဈေးကွက်စဝင်       စက်တင်ဘာနောက်ဆုံးပတ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ချင်းဈေး ကွက်ကြီး ဖြစ်တဲ့ အောင်ပန်း ဈေးကွက်ကို ချင်းအသစ်တွေ စဝင်လာပါပြီ။ ကလော မြို့နယ် လယ်ကြားရွာ၊ ပင်ဂျီရွာတွေကနေ စပြီးဝင်လာတယ်လို့ သိရပါတယ်။ ဒီနှစ်ကဈေးကောင်းရတဲ့အတွက် စောစောပြန်စိုက်ကြပြီး ဈေးကွက်အမှီ ပြန်ဖော်ကြတယ်လို့ သိရပါတယ်။ ယခုထွက်နေတဲ့ ချင်းက ချင်းအနုလေးတွေသာဖြစ်ပြီး ဈေးကွက်ကိုပိဿာချိန် တစ်သောင်းကျော်ခန့်သာ ဝင်လာပါသေးတယ်။ ရှင်းချင်း တွေကိုတော့ ပြည်ပဝယ်လက်နဲ့ ပြည်တွင်းဝယ်လက်တွေက ပုံမှန်ဝယ်ယူ နေကြတုန်းပါပဲ။ အောက်တိုဘာ ပထမပတ်၊ ဒုတိယပတ်လောက်ဆိုရင် ချင်းတက် အသစ်တွေ ဈေးကွက်ကို အတော်များများ ဝင်လာ တော့မှာဖြစ်ပါတယ်။ ဒီတစ်ပတ် ချင်းစို ဥမ အဟောင်းဈေးက တစ်ပိဿာ ၁၁ဝဝ ကျပ်၊ ချင်းတက်အစိုအသစ်ဈေးက ၈ဝဝ ကျပ်၊ ၈၅ဝ ကျပ်ရှိပါတယ်။ ချင်းခြောက်ဈေးက တောင်ကြီး၊ အောင်ပန်း ဈေးတူ ဖြစ်ပြီး တစ်ပိဿာ ၂၇ဝဝ ကျပ်ရှိတယ်လို့ သိရပါတယ်။ဧဧခိုင်