Main menu

Background

အငြိမ်းစားဝန်ထမ်းများအတွက် အသက်အာမခံထောက်ပံ့ရေးစီမံချက်ကို ဟောင်ကောင်အစိုးရက လာမည့်နှစ်တွင်စတင်မည်

Wed, 05/03/2017 - 10:55 -- journal_editor

      အသက် ၆၅ နှစ်နှင့်အထက် နိုင်ငံသား အငြိမ်းစား ဝန်ထမ်းများအား ကူညီရန် အနည်းဆုံး ဟောင်ကောင်ဒေါ်လာ ၅၀၀၀၀မှ အများဆုံး တစ်သန်းအထိ တစ်လုံးတစ်ခဲတည်း အာမခံကြေးနှင့် ရင်းနှီးမြှုပ်နှံမှုပြု လုပ်ခြင်းဖြင့်   ရင်းနှီးမြှုပ်နှံ မှုမှ လစဉ်ပုံမှန်ပြန်လည်ရရှိစေနိုင်မည့် ဟောင်ကောင် အပေါင်စာချုပ်ကော်ပိုရေးရှင်း၏ အသက်အာမခံ  ထောက်ပံ့ရေးစီမံချက်အား  မူအားဖြင့် အတည်ပြု ချက်ရရှိခဲ့သည်။အဆိုပါစီမံချက်၏ အရင်းပြန်ရချက်နှုန်းမှာ သုံးရာခိုင်နှုန်းမှ   လေးရာခိုင်နှုန်းအကြား ခန့်မှန်း ထားကြောင်း ဟောင်ကောင်အပေါင် စာချုပ်ကော်ပို ရေးရှင်းဥက္ကဋ္ဌဖြစ်သည့်   ဘဏ္ဍာရေးအတွင်းဝန်က ပြောကြားခဲ့သည်။ အဆိုပါစီမံချက်အား ဆွဲဆောင် မှုရှိ၍ တည်ငြိမ်မှု ရှိသောရင်းနှီးမြှုပ်နှံမှုထုတ်ကုန်အတွက် ဈေးကွက်လိုအပ်ချက်အား  ပြည့်မီရန်  ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ၆၅ နှစ်ရှိသော အမျိုးသားများအတွက်   ဟောင်ကောင်ဒေါ်လာ တစ်သန်း ရင်းနှီးမြှုပ်နှံပါကတစ်နှစ်လျှင် ဟောင် ကောင် ဒေါ်လာ ၇၀၀၀၀  (သို့မဟုတ်) တစ်လလျှင် ဟောင်ကောင်ဒေါ်လာ  ၅၈၀၀ခန့်ရရှိနိုင်မည်ဖြစ် သည်။
     အမျိုးသမီးများ၏ သက်တမ်းများမှာ အမျိုး သားများအတွက်   ပိုမိုရှည်လျားသည့်အတွက် အမျိုးသမီးများအတွက်  တစ်လလျှင်ဟောင်ကောင် ဒေါ်လာ ၄၅၀၀မှ ၅၃၀၀အတွင်းသာ  ရရှိနိုင်မည်ဟု ခန့်မှန်းကြောင်း ပြောကြား ခဲ့သည်။ထောက်ပံ့ကြေးလျှောက်ထားလိုသူတစ်ဦး ချင်းစီအတွက် အနည်းဆုံး အာမခံထည့်ဝင်ကြေး  ၅၀၀၀၀မှ အများဆုံးတစ်သန်းအထိခွင့်ပြုထားပြီး၊ စီမံချက်အနေဖြင့် ရန်ပုံငွေပမာဏ   ၁၀  ဘီလီယံ အထိ လက်ခံဆောင် ရွက် သွားမည်ဖြစ်သည်။ စီမံ ချက်မှရရှိသောရန်ပုံငွေများအား   ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့၏Exchange Fund တွင်  ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ဟောင်ကောင် အပေါင် စာချုပ်ကော်ပိုရေးရှင်းမှ    ပုံသေလစဉ် ပြန်ရချက် အား အာမခံသွားမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူများအနေဖြင့်  ၎င်းင်းတို့ရင်းနှီး ငွေအားပြန်လည် ထုတ်ယူလိုပါကပြန်လည်ထုတ်ယူခွင့်ပြုမည်ဖြစ်သည်။ သေဆုံးသွားသူများအတွက် ပရီမီယံကြေး၏   ၁၀၅ ရာခိုင်နှုန်းကို  ပြန်လည် ထုတ်ပေးမည်ဖြစ်သည်။ ၎င်းစီမံချက်အား  ၂၀၁၈ ခုနှစ်၊ နှစ်လည်ပိုင်းတွင် စတင်ရန် ရည်ရွယ်ထားပြီး  အသေးစိတ် အချက်အလက်များအား ဇွန်လကုန် တွင်   ထုတ်ပြန်သွားမည်ဖြစ်သည်။  iBonds နှင့် ဘဏ်အပ်ငွေများမှရရှိ သောအတိုးနှုန်းများကဲ့သို့ တည်ငြိမ်သောပုံမှန်ဝင်ငွေအတွက် အခြားရွေးချယ် စရာများနှင့်နှိုင်းယှဉ်ပါက   ယခုစီမံချက်မှာ  ပိုမိုဆွဲ ဆောင်မှုအားကောင်းသောရင်းနှီးမြှုပ်နှံမှုလက်နက် တစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။စီမံချက်အနေဖြင့်   ရင်းနှီးမြှုပ်နှံ သူများ၏ သက်တမ်းကိုကာမိစေရန်   ရည်ရွယ်ကြောင်း၊ ပိုမို အသက်ရှည်လေလေ   အကျိုးကျေးဇူးပိုမိုရရှိလေ ဖြစ်ကြောင်း  စီမံချက်မှာ  ဟောင်ကောင်ဒေါ်လာ တစ်သန်းရှိပြီး မည်ကဲ့သို့ရင်းနှီးမြှုပ်နှံရမည်ကိုမသိ သော သက်ကြီးရွယ်အိုများအတွက်  ဆွဲဆောင်မှုရှိ သောစီမံချက်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဟောင်ကောင်မြို့