Main menu

Background

အောင်ပန်းဈေးကွက်မှ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတဲ့ ရှမ်းနနွင်း

Wed, 10/06/2010 - 08:06 -- Anonymous (not verified)

အောင်ပန်းဈေးကွက်မှ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတဲ့ ရှမ်းနနွင်း     အောင်ပန်းဈေးကွက်မှ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတဲ့ ရှမ်းနနွင်း ဒီတစ်ပတ်ရှမ်းနနွင်းဈေးက အနည်းငယ်အေး နေပါတယ်။ ချင်းအသစ် တွေ ထွက်လာပေမဲ့ နနွင်းကတော့ လှောင်လက်တွေထံမှာ လက်ကျန်သာကျန်ပါတော့တယ်။ ပြီးခဲ့တဲ့ လတွေမှာ နနွင်းဝယ်လိုအား ကောင်းတာ ကြောင့် နနွင်းခေါင်း၊နနွင်းခါးတွေပါ အရောင်းအဝယ်ကောင်းလာပါတယ်။ အသစ်ထွက်မဲ့ နနွင်းကလည်း မိုးရွာတဲ့ အပေါ်မူတည်ပြီး ထွက်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ် အတွင်း မှာလည်း မိုးကောင်း နေတာရယ်၊ လက်ကျန်အတော်များများ ကလည်း ပင်လောင်းမှာသာရှိတာရယ်ကြောင့် အောင်ပန်း ဈေးကွက် မှာတော့ အရောင်းအဝယ် အေးနေပါတယ်။ ပင်လောင်းမှာလည်း အရင်တစ်ပတ်ကလိုပဲ ကြိုက်ရောင်းကြိုက်ဝယ် ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာ ၃ဝဝဝ ကျပ်ရှိပါ တယ်။ အောင်ပန်းဈေးကွက်မှာ ဈေးအနည်းငယ် ကျလာပြီး တစ်ပိဿာ ၂၇ဝဝကျပ်ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၃ဝဝဝ ကျပ် ဈေးငြိမ်နေပါတယ်။ နနွင်းခါး တစ်ပိဿာ ၁၄ဝဝ ကျပ်၊ နနွင်းခေါင်းမှာ တစ်ပိဿာ ၂ဝဝဝကျပ်ရှိတယ်လို့ ဒေသခံ ကုန်သည်တွေထံက သိရပါတယ်။ဧဧခိုင်