ကျောက်ဆည်ဈေးကွက် အရောင်းအဝယ်ပြန်ဖြစ် စက်တင်ဘာနောက်ဆုံးပတ်မှာ ကျောက်ဆည်နနွင်းတက်ဈေးကွက် အရောင်းအဝယ်ပြန်သွက်လာတယ်လို့ သိရပါတယ်။ ယခင်ရက်များက ဗမာနနွင်းတက်တစ်ပိဿာ ၄ဝဝဝ ကျပ်ဝန်းကျင်သာ ဈေးပေးဝယ်ယူမှု ကြောင့် ဒေသခံ ကုန်သည်များ အနေနဲ့ ကြိုက်ဈေးမရလို့ ထုတ်ရောင်းတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ ယခုတစ်ပိဿာ ၄၅ဝဝ ကျပ် ထိဈေးပေး ဝယ်ယူ လာတာကြောင့် ထုတ်ရောင်းခြင်းဖြစ်ကာ အရောင်းအဝယ်ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှ အဝယ်လိုက်လျက်ရှိရာ ပိဿာချိန် တစ်သိန်းဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဒေသတွင်း ကုန်ပစ္စည်းလက်ကျန်နည်း နေပြီလို့ သိရပါတယ်။ ယခုရက်ပိုင်းမှာ ကုန်တင်ခနှုန်းထားများလည်း မြင့်တက်လာရာ ကျောက်ဆည်မှ ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ တစ်ပိဿာ ကုန်တင်ခမှာ ယခင်က ၁ဝဝ ကျပ် သာရှိခဲ့ရာက ၁၃ဝ ကျပ်ထိ ဈေးပိုလာကြောင်း နနွင်းတက် ကုန်သည်တစ်ဦးက ပြောပါတယ်။ သင်းသင်းမြတ်
Background