Main menu

Background

ဝယ်လိုအားနည်းလို့ အိန္ဒိယနနွင်းဈေးလျော့ကျ

Wed, 10/06/2010 - 09:50 -- Anonymous (not verified)

ဝယ်လိုအားနည်းလို့ အိန္ဒိယနနွင်းဈေးလျော့ကျ         အိန္ဒိယဒေလီဈေးကွက်အတွင်း လက်ရှိအမြင့်ဈေးမှာ ပြည်တွင်းရော ပြည်ပအဝယ်ပါ လျော့နည်းတာကြောင့်နနွင်း ဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းအဓိကနနွင်းဈေးကွက်များမှာ လက်ကျန် အသင့်အတင့် ရှိနေတဲ့အပြင် လက်ရှိရာသီအထွက်တိုးတက်မယ့် အခြေအနေများကြောင့် ထပ်မံကျဆင်းနိုင်တယ် လို့ ခန့်မှန်း ကြပါတယ်။ NCDEX မှာအောက်တိုဘာပို့ရမယ့် နနွင်းဈေးဟာ ဝ ဒသမ ၅၆ ရာခိုင်နှုန်း လျော့ကျပြီး တစ်တန်ကို ရူပီး ၁၃၃၈ဝဝ (ကန်ဒေါ်လာ ၂၉၇၇) ဖြစ်ခဲ့ပြီး လက်ရှိရောင်းဝယ်နေတဲ့ စာခုျပ်ဈေးက ဝ ဒသမ ၂၈ ရာခိုင်နှုန်း လျော့ကျပြီး ရူပီး ၁၃၄၁၈ဝ (ကန်ဒေါ်လာ ၂၉၈၅) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။        နနွင်းအဓိကစိုက်ပိုျးတဲ့ မဟာရပ်ရှတရာ၊ အင်ဒရာပရာဒေ့ရှ်နဲ့ တမီနာဒူး ပြည်နယ်များမှာ မိုးအလုံအလောက်ရရှိတာကြောင့် လက်ရှိရာသီမှာ အထွက်မြင့် တက်မယ်လို့ ဈေးကွက်ခန့်မှန်းကြပါတယ်။ လက်ရှိရာသီအတွင်း နနွင်းအိတ်သိန်း ၇ဝ ဝန်းကျင်ထိ ထွက်ရှိနိုင်လို့ ယခင်နှစ်ထွက်ရှိတဲ့ အိတ် ၄၈ သိန်းထက် ပိုမိုမယ်လို့ ဆိုပါတယ်။ဒါ့အပြင် အဓိကဈေးကွက်များမှာ လက်ကျန်များနေတယ်လို့ ဆိုပါတယ်။ စုစုပေါင်း နနွင်းလက်ကျန်ဟာ အိတ်၁၁ သိန်းခန့်ရှိလို့ ယခင်နှစ်ကာလတူ လက်ကျန်အိတ် ၇ သိန်းထက် ပိုမိုနေပါတယ်။ယမင်းခင်၊ှSources: business standard