Main menu

Background

လန်ဒန်ကြိုပွိုင့်ရောင်းဝယ်ရေးတွင် သကြားနှင့် ကော်ဖီဈေးနှုန်းမြင့်တက်

Wed, 10/06/2010 - 09:58 -- Anonymous (not verified)

လန်ဒန်ကြိုပွိုင့်ရောင်းဝယ်ရေးတွင် သကြားနှင့် ကော်ဖီဈေးနှုန်းမြင့်တက်     လန်ဒန်ကြိုပွိုင့်ရောင်းဝယ်ရေး (London International Financial Futures and options Exchange -LIFFE) တွင် စက်တင်ဘာ ၂၈ ရက် နေ့တွင် ဒီဇင်ဘာလ သင်္ဘောတင်မဲ့ သကြားအဖြူဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၆၄၅ ကို ဈေးတက် သွားကြောင်း သတင်းရရှိပါတယ်။      ကမ္ဘာ့သကြားအဓိက ထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ ဘရာဇီး၊ အမေရိက  အလယ်ပိုင်း၊ ရုရှ၊ အိန္ဒိယနဲ့ သြစတြေးလျ တို့တွင် ရာသီဥတု ဆိုးကိုျးများ ကြောင့် သကြားဈေးကွက်ကို တွန်း အား ဖြစ်စေခဲ့ကြောင်း၊ အမေရိက အလယ်ပိုင်းဒေသမှာ ယခု ရက်သတ္တ ပတ်တွင် အပူပိုင်းမုန်တိုင်း ကြုံတွေ့ခဲ့မှု ကြောင့် ကြံပင်များ ပျက်စီးဆုံးရှုံး ခဲ့ ကြောင်း ဖော်ပြခဲ့ပါတယ်။      အလားတူ ဗီယက်နမ်တွင် ကော်ဖီထုတ်လုပ်မှုက အကန့်အသတ် ရှိမယ်လို့ မျှော်မှန်း ထားပြီး နိုဝင်ဘာလ သင်္ဘောတင်မဲ့ ရိုဘတ်စ်တာကော်ဖီက တစ်တန်ကို ကန်ဒေါ်လာ ၃ဝ ဈေး တက် သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၇၆၆ နဲ့ လန်ဒန် ကြိုပွိုင့်ရောင်းဝယ်ရေးတွင် ချုပ်ဆိုခဲ့ပါတယ်။ ဈေးကွက် အခြေအနေက အနောက် အာဖရိကရဲ့ ကောက်ပဲသီးနံှ ထုတ် လုပ်မှု အခြေအနေကို ခန့်မှန်း မရနိုင်သေးဘဲ စိုးရိမ်ဖွယ်ရာရှိနေဆဲ ပင် ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။                                                                                                        Source:beta.brecorder.com,                                                                                                                  အေးမွန်မွန်လှိုင်