Main menu

Background

နတ္တလင်းမှာ ကောက်စောစပါး အရောင်းအဝယ်ဖြစ်နေ

Wed, 10/06/2010 - 10:14 -- Anonymous (not verified)

 နတ္တလင်းမှာ ကောက်စောစပါး အရောင်းအဝယ်ဖြစ်နေ     ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း လက်ပံတန်း၊ ဇီးကုန်း၊ နတ္တလင်းမြို့နယ် များမှာ ကောက်စောစပါးများ စတင်ရိတ် သိမ်းနေပြီဖြစ်ပြီး ဈေးကွက်အတွင်းသို့ဝင်ရောက်လာပြီဖြစ်ပါတယ်။        နတ္တလင်းမြို့နယ်မှာ ရိတ်သိမ်းနေပြီဖြစ်တဲ့MR ၉ စပါးဈေးနှုန်းများမှာ စပါး အရည်အသွေးပေါ်မူတည်ပြီး အရောင်း အဝယ်ဖြစ်နေကြပါတယ်။ ကုန်သည်များ အနေနဲ့ စပါးအစိုဓာတ်ပါဝင်မှုပေါ်မူတည်ပြီး၊ တင်း ၁ဝဝ ကို နတ္တလင်းမြို့နယ်တွင် ၃၃ဝဝဝဝ ကျပ်၊ ဇီးကုန်းမြို့တွင် ၃၂ဝဝဝဝ ကျပ်-၃၂၅ဝဝဝ ကျပ်၊ လက်ပံတန်းမြို့ နယ်တွင် ၃၄ဝဝဝဝ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ကျန် မြို့နယ်အချို့မှာ စက်တင်ဘာလအကုန် အောက်တိုဘာ ပထမ ပတ်တွင်စတင်ပြီး ကောက်စောစပါးများ ရိတ်သိမ်းနိုင်တော့မှာ ဖြစ်ကြောင်းသိရပါတယ်။စောစောရီ