Main menu

Background

တရုတ်လမုန့်စားပွဲတော်ချိန်ကြောင့် ရေထွက်ကုန်များဈေးမြင့်လျက်ရှိ

Thu, 10/07/2010 - 06:09 -- Anonymous (not verified)

တရုတ်လမုန့်စားပွဲတော်ချိန်ကြောင့် ရေထွက်ကုန်များဈေးမြင့်လျက်ရှိ     ကူမင်းခရိုင်မှာ ရေထွက် ကုန်ပစ္စည်း များ ဈေးနှုန်းမြင့်တက်လျက်ရှိတဲ့ အတွက် ကူမင်းခရိုင်ငါးလုပ်ငန်း စိစစ်ရေး ကော်မတီမှဈေးကွက်တွင် လေ့လာမှုများပြုလုပ်ရာ တရုတ် ရိုးရာယဉ်ကျေးမှု လမုန့်စားပွဲတော် ရာသီ ကာလနဲ့ နိုင်ငံတော် အောင်ပွဲနေ့ အထိမ်းအမှတ် ရက်ရှည် ရုံးပိတ်ကာလအတွင်းပြည်သူများ ကုန်ပစ္စည်း ဝယ်ယူ အသုံးပြုမှုများနေတာကို လေ့လာ တွေ့ရှိရတယ်လို့ သတင်းများမှာ ဖော်ပြ ထားပါတယ်။   ကူမင်းဈေးကွက်မှာ နေ့စဉ် ရေထွက် ကုန် တန် ၃ဝဝ ခန့်ရှိရာ ဈေးနှုန်းများလည်း တိုးမြင့်လာနေကြောင်း တရုတ် နိုင်ငံ တောင်ပိုင်း ဒေသမှာ လေပြင်းမုန်တိုင်းကျရောက်တဲ့အတွက် မွေးမြုရေးကန်များ ပျက်စီးသွားခြင်း၊ သယ်ယူ ပို့ဆောင်ရေး စရိတ်ကြီးမြင့်ခြင်း၊ လမုန့်စားပွဲတော် ရက်နီးလာ၍ရေထွက်ကုန်ပစ္စည်းလိုအပ်မှုများပြားလာခြင်း၊ ကြာရှည် သိုလှောင် မထားနိုင်ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပါတယ်။ ပြည်သူများအား လတ်ဆတ်မှုနဲ့ ဘေးအန္တရာယ် ကင်းရှင်း စေရေးအတွက် ကူမင်းခရိုင် ငါးလုပ်ငန်းစိစစ်ရေး ကော်မတီမှ ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး ရေထွက်ကုန်ပစ္စည်းဆိုင်ရာ ထုတ်လုပ်မှုစခန်း နဲ့ မွေးမြူရေးကန်ရှိရေအား ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ရာ စံချိန်မီတယ်လို့ သိရှိရပါတယ်။ှ                                                                                                 Sources : ဒူရှိပေါင် (မြို့ပြ) သတင်းစာ၊သောင်းနိုင်