Main menu

Background

ဟောင်ကောင်အခြေစိုက်မစ်ဆူဘီရှိကော်ပိုရေးရှင်းမှတာဝန်ရှိသူများ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်းနဲ့ တွေ့ဆုံ

Thu, 10/07/2010 - 06:20 -- Anonymous (not verified)

 ဟောင်ကောင်အခြေစိုက်မစ်ဆူဘီရှိကော်ပိုရေးရှင်းမှတာဝန်ရှိသူများ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်းနဲ့ တွေ့ဆုံ        ဟောင်ကောင်အခြေစိုက်မစ်ဆူဘီရှိ ကော်ပိုရေးရှင်းလီမိတက်မှ ဒုတိယဥက္ကဌနဲ့ ဒါရိုက်တာဖြစ်သူ Mr. Hiro Shimogi  နဲ့ မန်နေဂျာ Mr. Tomotakamiki  တို့ဟာ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးအသင်းမှ တာဝန်ရှိ သူ များနဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၃း၅ဝချိန်မှာ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး အသင်းရုံးခန်းမမှာ တွေ့ဆုံခဲ့ကြပါတယ်။         ထိုသို့တွေ့ဆုံရာမှာ မူဆယ်-နမ့်ခမ်းကုန်သည် အသင်းဥက္ကဌဦးဟန်စိန်က မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ကုန်သွယ် ရောင်းဝယ်နေမှုများ၊ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ လစဉ်ညှိနှိုင်း ဆွေးနွေးမှုများ၊ နှစ်အလိုက် ကုန်သွယ်မှု တိုးတက် လာမှုများ၊ ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်းရှိ ရေထွက်ကုန်စည်ဒိုင်၊ သစ်သီးဝလံကုန်စည် ဒိုင်ပဲ၊ပြောင်း၊နှမ်း လယ်ယာထွက် ကုန်စည်ဒိုင်များ ဖွင့်လှစ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။      ထိုနောက် ရေထွက်ပစ္စည်းကုန်စည်ဒိုင်၊ သစ်သီးဝလံကုန်စည်ဒိုင်၊ ပဲပြောင်းနှမ်းနဲ့လယ်ယာထွက်ကုန် ကုန်စည်ဒိုင်၊ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်းရှိ ပို့ကုန်သွင်းကုန်ပစ္စည်းများ၊ ကုန်စစ်ဆေးရေးစင်များကို လှည့်လည်ကြည့်ရှု လေ့လာ ခဲ့ကြပါတယ်။ Sources : မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်များအသင်း၊ MIRT (DOBT)