Main menu

Background

အိန္ဒိယဆန်အထွက် တန်ချိန် သန်း ၁ဝဝ ပြည့်မီနိုင်ဖွယ်မရှိ

Mon, 10/11/2010 - 03:04 -- Anonymous (not verified)

အိန္ဒိယဆန်အထွက် တန်ချိန် သန်း ၁ဝဝ ပြည့်မီနိုင်ဖွယ်မရှိ       အိန္ဒိယနိုင်ငံ အတ္တရာပရာဒေ့ရှ်ဒေသမှာ ရေလွှမ်းမိုးပြီး နိုင်ငံအရှေ့ပိုင်းဒေသများမှာ မိုးခေါင်ခြောက်သွေ့မှုကြောင့်၂ဝ၁ဝ-၂ဝ၁၁ သီးနံှရာသီအတွင်း ဆန်တန်ချိန် သန်း ၁ဝဝ ထွက်ရှိမယ့် ရည်မှန်းချက်ကို ပြည့်မီဖွယ်မရှိဘူးလို့ စိုက်ပျိုးရေးအတွင်းဝန် ပီကေဘာဆူမှ ပြောကြားပါတယ်။ ဆောင်းသီးနံှကောင်းမယ်ဆိုရင် ဆန်အထွက်စုစုပေါင်းဟာ တန်ချိန် ၉၅သန်းဝန်းကျင်ရှိမယ်လို့ ဆိုပါတယ်။         လွန်ခဲ့တဲ့လက စိုက်ပျိုးရေးဝန်ကြီးဌာနက ပထမအကြိမ်ခန့်မှန်းချက်အရ ၂ဝ၁ဝ-၂ဝ၁၁ သီးနံှရာသီ (ဇူလိုင်-ဇွန်)ရဲ့ မိုးရာသီအတွင်း ဆန်ထုတ်လုပ်မှု တန်ချိန် ၈ဝ ဒသမ ၄၁ သန်းကို ၂ဝဝ၉-၂ဝ၁ဝ ရာသီထွက်ရှိမှု တန်ချိန် ၇၅ ဒသမ၉၁သန်း ထက် ပိုမိုမယ်လို့ ဆိုပါတယ်။         ဆောင်းရာသီလက်ရှိအထွက်နှုန်းနဲ့ ထွက်ရှိမယ်ဆိုရင် တန်ချိန် ၁၄ ဒသမ ၅ သန်းထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။လာမယ့်လမှာ စိုက်ပျိုးရတော့မယ့် ဆောင်းသီးနံှအတွက် မျိုးစေ့နဲ့ ဓါတ်မြေသြဇာများ ထည့်သွင်းမယ်ဆိုရင် မျှော်မှန်းထား သလို ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမိုးစပါး အထွက်နှုန်းဟာ တစ်ဟက်တာကို ယခင်နှစ်က ၂ဝ၂၅ ကီလိုရှိခဲ့ရာမှ ၂၁၇၇ ကီလိုကို မြင့်တက်ခဲ့တာကြောင့် စုစုပေါင်း စပါးစိုက်ဧရိယာ လျော့ကျပေမဲ့ စပါးအထွက်ဟာ တန်ချိန် ၄ ဒသမ ၅ သန်း တိုးတက်ဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ မိုစပါးစိုက်ဧရိယာဟာ ဟက်တာ ၃၇ သန်းရှိလို့ ယခင်နှစ် ကာလတူစိုက်ဟက်တာ ၃၇ ဒသမ ၄ သန်းထက် လျော့ကျခဲ့ကြောင်း သိရပါတယ်။                                                                                                                    လမင်း၊Sources: P T I