Main menu

Background

အာရှဆန်ဈေးနှုန်းက အမြင့်မှာပဲ ဆက်လက်ရှိနိုင်

Mon, 10/11/2010 - 03:11 -- Anonymous (not verified)

 အာရှဆန်ဈေးနှုန်းက အမြင့်မှာပဲ ဆက်လက်ရှိနိုင်      ဗီယက်နမ်ဆန်ကို ပြည်ပအဝယ်အားကောင်းနေတာကြောင့် ယခု သီတင်း ပတ်အတွင်း မြင့်တက်ခဲ့သလို ထိုင်းဆန်တင်ပို့  ဈေးမှာလည်း အဝယ်မရှိပေမဲ့ ဘတ်ငွေ တန်ဘိုး ခိုင်မာတာကြောင့် ဈေးတက်ခဲ့တယ်လို့ စက်တင်ဘာလ ၂၉ ရက်နေ့မှ ကုန်သည် များကဆိုပါတယ်။အင်ဒိုနီးရှားကဝယ်ယူဖို့ အလားအလာရှိနေတာကြောင့် အာရှဆန်ဈေးဟာ ဆက်လက်ခိုင်မှာဖွယ်ရှိတယ် လို့လည်း ၎င်းတို့ကဆိုပါတယ်။        အင်ဒိုနီးရှားနိုင်ငံဟာ ရေလွှမ်းမိုးမှုကြောင့် သီးနံှများပျက်စီးခဲ့တဲ့အတွက် ၎င်းရဲ့ သိုလှောင်ဆန်ကို တိုးမြင့်ထားဖို့ ယခုနှစ် အတွင်း သို့မဟုတ် လာမယ့်နှစ်မှာ ဆန်တင် သွင်းရလိမ့်မယ်လို့ အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Suswono  က ပြောကြားပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆန်ဝယ်ယူတဲ့ အဖွဲ့အစည်း Bulog  ကိုယ်စားလှယ် များဟာ ယခုလအတွင်း ထိုင်းနဲ့ ဗီယက်နမ်ကို အလည်အပတ်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ဆန်ဖူလုံဖို့ ကြိုးပမ်းလျက်ရှိရာ လိုအပ်ရင် ဆန်တန်ချိန် ၃ သိန်းဝန်းကျင် ဝယ်ယူဖို့ ဗီယက်နမ်ထိပ်တန်း ဆန်တင်ပို့သူ ၂ ဦးနဲ့ ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ Vinafood 2 ဟာ အင်ဒိုနီးရှားဈေးကွက်အတွက် ဆန်ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။      ဒါ့အပြင် ကျူးဘားမှ ဝယ်လိုအားကောင်းနေခြင်းကလည်း ဗီယက်နမ်ဆန်ဈေးကို အမြင့်မှာရှိနေဖို့ တွန်းအား ဖြစ်စေ ပါတယ်။ ကျူးဘားကို ဆန်ရောင်းချမယ့် သတင်းများထွက်လာပြီးတဲ့နောက် ဆန်ဈေးစတက်လာတယ်လို့ ဟိုချီမင်း ရှိ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ဒုတိယဆန်တင်ပို့သူအများဆုံးကုမ္ပဏီ Vinafood 1 လ ဟာ ၂ဝ၁၁ ခုနှစ် မတ်လတိုင်အောင် ကျူးဘားကိုသင်္ဘောတင်ပို့ရမယ့် ဆန်တန်ချိန် ၂၅ဝဝဝဝ ကို စာချုပ်ထားတယ်လို့ ဆိုပါတယ်။ ဆန်ဈေးအနေနဲ့ ၅ မှတ်ဆန် FOB ဈေးဟာ ယခင်သီတင်းပတ်က တစ်တန်ကို ကန်ဒေါ်လာ ၄၅ဝ ရှိရာမှ ၄၇၅ ကို၊ ၂၅ မှတ်ဆန်ဈေးဟာ ကန်ဒေါ်လာ ၄၂ဝ မှ ၄၃၅ ကို အသီးသီးမြင့်တက်ခဲ့ပါတယ်။ ထိုင်း ၁ဝဝ မှတ်အဆင့် အခြေခံဈေးနှုန်းဟာ ကန်ဒေါ်လာ ၄၉ဝ မှ ၄၉၅ ကို မြင့်တက်ခဲ့တယ်လို့ ဆန်တင်ပို့သူများက ဆိုပါတယ်။                                                        လမင်း Sources: Business Recorda