Main menu

Background

နိုက်ဂျီးရီးယား လယ်သမားများက ဆန်တင်သွင်းမှု ရပ်တန့်ဖို အစိုးရကို တောင်းဆို

Mon, 10/11/2010 - 03:38 -- Anonymous (not verified)

နိုက်ဂျီးရီးယား လယ်သမားများက ဆန်တင်သွင်းမှု ရပ်တန့်ဖို အစိုးရကို တောင်းဆို       ပြည်ပမှ ဆန်တင်သွင်းမှုများကြောင့် ဈေးကွက်အမြောက်အမြားမှာ လိုအပ်တာထက် ဆန်ပိုမို ရောင်းချမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ပြည်တွင်းလယ်သမားများရဲ့ ထုတ်လုပ်မှုကို ကာကွယ်နိုင်စေဖို့ ပြည်ပက ဆန်တင်သွင်းမှုကို ရပ်တန့်ရေးအစိုးရကို နိုက်ဂျီးရီးယားလယ်သမားများအသင်း (RIFAN ) မှ တိုက်တွန်းထားတယ်လို့သိရပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံအတွင်း ဆန်တိုးမြင့်ထုတ်လုပ်ဖို့၊ ဆန်ကြိတ်ခွဲမှု တိုးတက်ဖို့နဲ့ ဈေးကွက်ရရှိဖို့ အားပေးတဲ့အနေနဲ့ ဆန်တင်သွင်းမှုကိုပြန်လည် သုံးသပ်သင့်တယ်လို့လည်း RIFAN ဥက္ကဌ Alhaji Abubakar Wodi  မှ ပြောကြားပါတယ်။       အသေးစားဆန်စက်များအတွက် သုံးစွဲမှုကို ပြန်သုံးသပ်ပြီး နိုင်ငံအတွင်း အကြီးစားဆန်စက်များ ပေါ်ထွန်းလာစေဖို့အစိုးရအနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်လို့လည်း 0x158င်းက ထပ်လောင်းပြောကြားပါတယ်။ယမင်းခင်၊ Sources: commodityonline