Main menu

Background

မလေးရှားဆန်လက်ကျန်က ၆ လအတွက် အလုံအလောက်ရှိတယ် လို့ ဘားနပ်စ်ကဆို

Mon, 10/11/2010 - 04:11 -- Anonymous (not verified)

မလေးရှားဆန်လက်ကျန်က ၆ လအတွက် အလုံအလောက်ရှိတယ် လို့ ဘားနပ်စ်ကဆို              မလေးရှားနိုင်ငံရဲ့ ပြည်တွင်းဆန်ဖူလုံမှုဟာ ၃ဝ ရာခိုင်နှုန်းသာ ရပ်တည် နိုင်သေးပေမဲ့ လက်ရှိအကျပ်အတည်း ကာလအတွင်း မလေးရှားနိုင်ငံမှာ ဆန်လက် ကျန် ပမာဏဟာ ၅ လ၊ ၆ လအတွက် လုံလောက်နိုင်တယ်လို့ဘားနပ် ( Bernas)  အကြီးတန်းမန်နေဂျာ အဇာဘင် အက်ဘ်ဒူလာ (Azhar bin Abdullah )  ပြော ကြားပါတယ်။ ကမ္ဘာ့ဆန် ဈေးကွက်အတွင်း ဆန်ရောင်းချမှု ငြိမ်သက်နေခြင်းက မလေးရှားနိုင်ငံအတွက် စိုးရိမ်စရာမဖြစ်နိုင်သေးပါဘူးလို့ ထပ်လောင်း ပြောကြား ပါတယ်။      မလေးရှားနိုင်ငံဟာ အခြားနိုင်ငံများမှ ၇ဝရာခိုင်နှုန်းဆန်တင်သွင်းမှုကို မှီခိုနေရ ပြီး အများစုကို ဗီယက်နမ်၊ ထိုင်းနဲ့ ပါကစ္စတန်တို့မှ တင်သွင်းနေရတယ်လို့ ဆိုပါတယ်။ နိုင်ငံရဲ့ ဆန်ထုတ်လုပ်နိုင်မှုဟာ မြေဆီလွှာရရှိနိုင်မှု၊ လယ်သမားဦးရေနဲ့ အခြားစီးပွားရေး အချက်အလက်များပေါ် မူတည်နေ ကြောင်း၊ ဘားနပ်အနေနဲ့ လယ်ကွင်း မရှိပေမဲ့ ထုတ်လုပ်မှုတိုးမြင့်ဖို့ လယ်သမားများကို အကူအညီ ပေးနိုင်ကြောင်း၊ ဒါပေမဲ့ လယ်သမားများနဲ့ အတူတကွ အလုပ်လုပ်နိုင်မယ့် ဆန်စက်များနဲ့ ချိတ်ဆက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။ အမှန်တော့ ဆန် ထုတ်လုပ်မှုဟာ စားအုန်းဆီ၊ ရော်ဘာနဲ့ အခြား ငွေဖြစ်လွယ်တဲ့ သီးနံှများ ထုတ်လုပ်မှုရဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။    ဒီလိုပြိုင်ဆိုင်မှုတွေရှိနေတဲ့တိုင် ဆန်ထုတ်လုပ်မှုမှာ နှစ်စဉ် ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအတွင်း နှစ်စဉ်တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ လမင်း၊ Sources: riceonline