Main menu

Background

အိန္ဒိယအဝယ်ထိုင်းသွားတဲ့ ပဲစင်းငုံတင်ပို့မှု လျော့ကျ

Mon, 10/11/2010 - 04:09 -- Anonymous (not verified)

အိန္ဒိယအဝယ်ထိုင်းသွားတဲ့ ပဲစင်းငုံတင်ပို့မှု လျော့ကျ      ယခင်တစ်ပတ်မှာ ပင်လယ်ရေကြောင်းက ပဲစင်းငုံတန်ချိန် ၄ဝဝဝ အထိ တိုးတက်တင်ပို့ခဲ့ပေမဲ့ ယခုတစ်ပတ် (စက်တင်ဘာလ ၃ဝ ရက်မှ အောက်တိုဘာလ ၆ ရက်) အတွင်းမှာတော့ တန်ချိန် ၁ဝဝဝ အေးအေးသာ တင်ပို့မှု ရှိခဲ့ပါတယ်။  အိန္ဒိယဝယ်လက်တွေ အဝယ်ထိုင်းသွားလို့ တင်ပို့မှု လျော့ကျလာခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယပဲအသစ် မထွက်မီစပ်ကြား ဒီလထဲမှာတော့ အဝယ် အနည်းငယ် ထပ်ထွက်လာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယခုနှစ် စက်တင် ဘာလအတွင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၈၈ဝဝ ခန့်ရှိပြီး ယခုနှစ် သြဂုတ်လမှာ တန်ချိန် ၁၃ဝဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုမှာ တန်ချိန် ၃ဝဝဝ ကျော်သာရှိလို့ ကာလတူတင်ပို့မှု နှိုင်းယှဉ်ရာမှာ ယခုနှစ် စက်တင်ဘာလက တန်ချိန် ၅ဝဝဝ ကျော် ပိုမိုနေတာ တွေ့ရပါတယ်။ ဈေးကွက် တွေမှာ အရောင်းအဝယ်ဖြစ်မှုနည်းတာကြောင့် FOB  ဈေးလည်း လျော့ကျ လာတာကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                                            ဒေါ်လာ/တန်                   ပဲစင်းငုံနီ              ပဲစင်းငုံဖြူနီ/ အဖြူ၇-၁ဝ-၁ဝ     ၇၅ဝ-၇၆ဝ                 ၆၃ဝ-၆၄ဝ၁-၁ဝ-၁ဝ     ၇၆ဝ-၇၇ဝ                 ၆၅ဝ-၆၆ဝMIRT(MAPT)