Main menu

Background

ပဲစင်းငုံနီဈေးအငုတ် ဝယ်သူရှိခိုက်ထုတ်ရောင်းနေ

Mon, 10/11/2010 - 05:14 -- Anonymous (not verified)

ပဲစင်းငုံနီဈေးအငုတ် ဝယ်သူရှိခိုက်ထုတ်ရောင်းနေ       အောက်တိုဘာပထမပတ် မုံရွာပဲဈေးကွက်မှာ ပဲစင်းငုံနီ ဈေးဆက်လက် ကျဆင်းနေလျက်ရှိရာ တစ်တင်း ၁၈၆ဝဝ ကျပ်နဲ့ ရန်ကုန်အော်ဒါရှိတဲ့ ကုန်သည် အချို့ဝယ်ယူမှုရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ နောက် ၂ လကျော်ရင် ပဲစင်းငုံနီ အသစ် တွေပေါ်တော့မှာမို့ ကုန်သည်တွေအနေနဲ့ လက်ဝယ်သိမ်းထားဘို့ အခက် အခဲရှိလို့ ရန်ကုန်ဝယ်လက်ရှိတုန်း ထုတ်ရောင်း လျက်ရှိတယ်လို့ သိရပါတယ်။ နေ့စဉ် ပုံမှန်ရောင်းဝယ်မှုအနေနဲ့ တင်း ၃ဝဝ ဝန်းကျင်ရှိပြီး ရန်ကုန်၊ မန္တလေး၊ အဝယ် အော်ဒါ ရှိတဲ့နေ့မှာတော့ တင်း ၁ဝဝဝ မှ ၂ဝဝဝ ထိ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။  ယခု  တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေက ပဲစင်းငုံနီစီးထွက်မှု အခြေအနေကို လေ့လာတဲ့အခါ မန္တလေးကို တင်း ၂၅ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၅ဝဝ ခန့် တင်ပို့ခဲ့ကြကြောင်း သိရှိရပါတယ်။ထွန်းလှိုင်