Main menu

Background

စိုက်ဧရိယာမြင့်တက်ပြီး ပဲအဝင်များလာလို့ အိန္ဒိယ မတ်ပဲဈေးဆက်လက်ကျဆင်း

Mon, 10/11/2010 - 05:47 -- Anonymous (not verified)

စိုက်ဧရိယာမြင့်တက်ပြီး ပဲအဝင်များလာလို့ အိန္ဒိယ မတ်ပဲဈေးဆက်လက်ကျဆင်း             အိန္ဒိယ မဟာရပ်ရှတရာဒေသကို မတ်ပဲအသစ်များ ဝင်ရောက်မှု တိုးတက်လာပြီဖြစ်ပြီး ပဲစိုက်ဧရိယာက ယခင်နှစ်ထက် သိသိသာသာမြင့်တက်လို့ ဈေးကွက်များမှာ ဈေးဆက်လက်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ တောင်ပိုင်းမှာ မိုးကောင်း နေခြင်းက ပဲစင်းငုံနဲ့ မတ်ပဲထွက်ရှိမှု ပိုမိုကောင်းမွန် လာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပက တင်သွင်းမှုများခြင်းကလည်း ဈေးမတက်အောင် ထိန်းထားသလို့ ရှိနေပါတယ်။       ဒေလီလက်ငင်းဈေးကွက်မှာ မတ်ပဲ FAQ တစ်တန်ကို ရူပီး ၄၅ဝဝဝ (ကန်ဒေါ်လာ ၁ဝ၁ဝ) မှ ရူပီး ၄၄၅ဝဝ (ကန်ဒေါ်လာ ၉၉၉) ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊Sources: P T I