Main menu

Background

မတ်ပဲတင်ပို့မှု တန်တစ်သောင်းအောက် လျော့

Mon, 10/11/2010 - 06:37 -- Anonymous (not verified)

မတ်ပဲတင်ပို့မှု တန်တစ်သောင်းအောက် လျော့      အိန္ဒိယဈေးကွက်တွေကို မတ်ပဲအသစ်တွေ ဝင်ရောက်လာပြီဖြစ်လို့ မြန်မာနိုင်ငံက တင်သွင်းမှုလျော့ကျခဲ့တဲ့ အတွက် စက်တင်ဘာလ ၃ဝ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ ယခုတစ်ပတ်အတွင်း မတ်ပဲတင်ပို့မှုဟာ တန်ချိန် တစ်သောင်းအောက်ကို လျော့ကျလာခဲ့ပါတယ်။ ပြည်ပဝယ်လက်တွေက စက်တင် ဘာလ လောက် အဝယ်မသွက်ပေမဲ့ နည်းနည်းနဲ့ မှန်မှန်တော့ အဝယ်ရှိတယ်လို့ သိရပါတယ်။ ပြည်ပကို စက်တင်ဘာအတွင်း တင်ပို့မှုဟာ တန်ချိန် ၄၈ဝဝဝ ခန့်ရှိပြီး သြဂုတ်လမှာ တန်ချိန် ၅၄ဝဝဝ ခန့်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်နှစ် စက်တင်ဘာလ တင်ပို့မှုအနေနဲ့ တန်ချိန် ၄ဝဝဝဝ ကျော်သာရှိတဲ့အတွက် ယခုနှစ် ကာလတူ တင်ပို့မှု ပိုမိုခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                             ဒေါ်လာ/တန်               မတ်ပဲ(FAQ)        (SQ)၇-၁ဝ-၁ဝ  ၉၄ဝ-၉၅ဝ      ၁၁၁ဝ-၁၁၂ဝ၁-၁ဝ-၁ဝ  ၉၂ဝ-၉၃ဝ      ၁ဝ၉ဝ-၁၁ဝဝMIRT(MAPT)