Main menu

Background

မျိုးအတွက်အဝယ်ရှိလာတဲ့ မတ်ပဲ

Mon, 10/11/2010 - 07:07 -- Anonymous (not verified)

မျိုးအတွက်အဝယ်ရှိလာတဲ့ မတ်ပဲ      ပဲခူးတိုင်းဒေသကြီး အနောက်မှာ ဆောင်းသီးနံှတစ်ခုဖြစ်တဲ့ မတ်ပဲကို ပဲစိုက်တောင်သူများအဓိကထားပြီး စိုက်ပျိုးတာကို တွေ့ရပြီး ၂ဝ၁ဝ-၂ဝ၁၁ အတွက် မတ်ပဲလျာထား စိုက်ဧက ၅၁၅၈၁၁ ဧကရှိတာကို တွေ့ရပါတယ်။ မတ်ပဲစိုက်တဲ့ ရာသီနီး လာပြီဖြစ်လို့ ပြည်မြို့ရဲ့ ပတ်ဝန်းကျင်ဒေသမှ ပဲစိုက်တောင်သူများ မတ်ပဲမျိူးများကို ဝယ်ယူ နေကြပြီဖြစ်ကြောင်း သိရပါတယ်။ ပဲမျိူး တစ်တင်းကို လက်ကားဝယ်ယူရင် ၂၆ဝဝဝ ကျပ်ဈေးရှိပြီး လက်လီ ဝယ်ယူသူများ ကတော့ ပဲတစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေးနဲ့ ဝယ်ယူရတယ်လို့ သိရပါတယ်။ဝယ်ယူတဲ့ မျိုးတွေကတော့ အထွက်နှုန်းကောင်းစေတဲ့ ဒေသမျိးနဲ့ ရေဆင်း ၂၊ ရေဆင်း ၃ မျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။     တင်ပို့ဖို့ အရောင်းအဝယ်လုပ်တဲ့ မတ်ပဲဈေးကတော့ မိုးရာသီနဲ့အပြိုင် အေးနေတာကိုတွေ့ရပါတယ်။ စက်တင်ဘာလရဲ့ ဒုတိယပတ်မှာတော့ ပဲတစ်တင်း ကို ၂၅၂ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ရန်ကုန် ဝယ်လက် ကလည်း အဝယ်အေးနေပြီး မြို့တွင်းပဲကုန်သည်များကလည်း တစ်နေ့ကို ပဲ တစ်တင်းခွဲအိတ် ၁၅ဝ-၂ဝဝ သာ အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် ကို စီးဆင်းတဲ့ ပဲအိတ်အရေအတွက်ကတော့ တစ်နေ့ကို အိတ် ၈ဝဝ လောက်သာ တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး