Main menu

Background

ပါကစ္စတန်ဈေးကွက်ကို ပဲတီစိမ်းတန်ချိန် ၃ဝဝဝကျော် တင်ပို့နိုင်

Mon, 10/11/2010 - 07:41 -- Anonymous (not verified)

ပါကစ္စတန်ဈေးကွက်ကို ပဲတီစိမ်းတန်ချိန် ၃ဝဝဝကျော် တင်ပို့နိုင်         ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း တင်ပို့မှု တန်ချိန် ၃ဝဝဝ ကျော်သလို ယခုတစ်ပတ် (စက်တင်ဘာ၃ဝ မှ အောက်တိုဘာ ၆ ရက်)အတွင်းမှာလည်း ပါကစ္စတန်ကိုတင်ပို့ဖို့ စင်ကာပူဝယ်လက်တွေ အဝယ်ရှိလို့ တန်ချိန် ၃ဝဝဝ ကျော်တင်ပို့နိုင်တာတွေ့ရပါတယ်။ အိန္ဒိယပြည်တွင်း ဈေးကွက်တွေကို ပဲအသစ်တွေဝင်လာပြီဖြစ်လို့ အိန္ဒိယဝယ်လက်ကတော့ မြန်မာပဲတီစိမ်းကို အဝယ်လျော့နေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်ပို့မှုကို ကြည့်မယ်ဆိုရင် တန်ချိန် ၁၁ဝဝဝ ကျော်ရှိတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ တင်ပို့မှု တန်ချိန် ၉၇ဝဝ ထက် သိသိသာသာ ပိုတာတွေ့ရပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုမှာ တန်ချိန် ၂ဝဝဝဝ နီးပါးရှိတာကြောင့် ကာလတူတင်ပို့မှု လျော့ကျတာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ အရောင်းအဝယ်အေးတာကြောင့် ရန်ကုန် FOBဈေးလည်း ပြန်လျော့လာ တာတွေ့ရပါတယ်။                   ပဲတီစိမ်း(အညာ)         ပခုက္ကူ               ပဲတီရွှေဝါအသေး၇-၁ဝ-၁ဝ         ၈၆ဝ-၈၈ဝ             ၉၅ဝ-၉၆ဝ            ၁၁၂ဝ-၁၁၃ဝ၁-၁ဝ-၁ဝ         ၈၈ဝ-၈၉ဝ            ၁ဝဝဝ-၁ဝ၁ဝ         ၁၁၂ဝ-၁၁၃ဝMIRT (MAPT)