Main menu

Background

တင်ပို့မှု ယခင်အပတ်ကထက် ထက်ဝက်ကျော်လျော့ကျ

Mon, 10/11/2010 - 07:41 -- Anonymous (not verified)

 တင်ပို့မှု ယခင်အပတ်ကထက် ထက်ဝက်ကျော်လျော့ကျ     စက်တင်ဘာလ နောက်ဆုံးပတ်မှာ ပဲတီစိမ်း ၆ဝ၂ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၆ သန်းဖိုး တရုတ်နိုင်ငံသို့မူဆယ် နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၂ဝ၃ တန်တင်ပို့ခဲ့တာမို့ ယခုအပတ်တင်ပို့မှုက ထက်ဝက်ကျော်နီးပါး လျော့နည်းခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းမှာ ပဲတီစိမ်း ၃၇၃၆ တန်နဲ့ ပဲတီစိမ်း လုံးခြမ်း ၄၂၈ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာနှစ်ဝက်ကာလမှာတော့ ပဲတီစိမ်း တန်ချိန် ၆၉၅ဝဝ ကျော်နယ်စပ်စခန်းများမှ တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မိမိဘက်မြေပြင်ပေါက်ဈေးက ၉၂ဝ၃၁၄ ကျပ်ဖြစ်ပြီး ယခင်အပတ်ကထက် ၄၃၆ဝဝ ကျော် ဈေးပိုမိုခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေးကတော့ ၁ဝ၁၁ ဒေါ်လာရှိပြီး ယခင်အပတ်ဈေးအတိုင်းပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်                            မိမိဘက်(ကျပ်/တန်)                                       တစ်ဘက်နိုင်ငံ(ယွမ်/တန်)ပဲတီစိမ်း         ယခု        ယခင်         ပြောင်းလဲမှု         ရာခိုင်နှုန်း      ယခု         ယခင်     ပြောင်းလဲမှု      ရာခိုင်နှုန်းပဲတီစိမ်း      ၉၂ဝ၃၁၄  ၈၇၆၆၃၃           ၄၃၆၈၁                 ၅        ၁ဝ၁၁                          ၁ဝ၁၁              -ြွှှုျ (ီဥြွှ)