Main menu

Background

အဝယ်သွက်လာတဲ့ မုံရွာပဲတီစိမ်းဈေးကွက်

Mon, 10/11/2010 - 08:24 -- Anonymous (not verified)

အဝယ်သွက်လာတဲ့ မုံရွာပဲတီစိမ်းဈေးကွက်       အောက်တိုဘာလ ပထမပတ်အတွင်း အဝယ်သွက်လာတဲ့ ပဲကတော့ ပဲတီစိမ်းပါ။ ဈေးအပြောင်းအလဲမဖြစ်ဘဲတစ်တင်း ၂၂၅ဝဝ ကျပ်-၂၂ဝဝဝ ကျပ်ဈေးနဲ့ အဝယ်သွက်လာပြီး နေ့စဉ်အိတ်ရေ ၁၅ဝဝ ခန့် ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ ဝယ်လက်အနေနဲ့ ယခင်က ရန်ကုန်ဝယ်လက်သာရှိနေပြီး ယခုမန္တလေးဝယ်လက်ပါရှိလာလို့ အဝယ်သွက်နေတာဖြစ်ကြောင်း သိရပါတယ်။ အောင်မင်း