Main menu

Background

မိုးပဲအထွက်မြင့်တက်မယ့် မျှော်လင့်ချက်ကြောင့် အိန္ဒိယကုလားပဲဈေးအကျဘက်ဆင်းနိုင်

Mon, 10/11/2010 - 10:01 -- Anonymous (not verified)

မိုးပဲအထွက်မြင့်တက်မယ့် မျှော်လင့်ချက်ကြောင့် အိန္ဒိယကုလားပဲဈေးအကျဘက်ဆင်းနိုင်       ယခုနှစ်မိုးရာသီပဲမျိုးစုံစိုက်ပိုျးမှုက ယခင်နှစ်ကထက် ၇၈ ရာခိုင်နှုန်း မြင့်တက်နေကာ အထွက်မြင့်တက်မယ့် မျှော်လင့်ချက်တွေကြောင့် ကုလားပဲ ဈေးလျော့ကျနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းနေကြပါတယ်။ လက်ငင်းဈေးကွက် တွေမှာ ပွဲတော်အတွက် ဝယ်လိုအားတွေမြင့်တက်နေလို့ ဈေးမာနေပေမဲ့ အထွက် မြင့်တက်မှုက ဈေးဆက်မတက်အောင် ထိန်းထားလိမ့်မယ်လို့ ဆိုပါတယ်။ ပဲတီစိမ်း၊ မတ်ပဲများကလည်း ဈေးကွက်တွေကို ဆက်လက်ဝင်ရောက်နေ တဲ့အပြင် ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးရွာသွန်းနေခြင်းက အောက်တိုဘာလအတွင်း စိုက်ပျိုးတော့မယ့်ကုလားပဲအတွက် အစိုဓါတ်ကောင်း တွေရရှိစေပါတယ်။ အောက်တိုဘာလ ၆ ရက် ဒေလီလက်ငင်းဈေးကွက်မှာ ဝယ်လိုအားမြင့်တက်လို့ ကုလားပဲ တစ်တန်ကို ရူပီး ၁၅၇ ဒသမ ၅ (ကန်ဒေါ်လာ ၃ ဒသမ ၅၇) မြင့်တက်ပြီး ရူပီး ၂၃၅ဝဝ (ကန်ဒေါ်လာ ၅၃၃) ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ကာလတို အတွင်း ဈေးနှုန်းအကျဘက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                                                                              ယမင်းခင်၊Sources: commodityonline