Main menu

Background

ဒီတစ်ပတ်တင်ပို့မှု ပြန်လည်တိုးတက်လာတဲ့ မြေထောက်နဲ့ ထောပတ်ပဲ

Mon, 10/11/2010 - 10:14 -- Anonymous (not verified)

 ဒီတစ်ပတ်တင်ပို့မှု ပြန်လည်တိုးတက်လာတဲ့ မြေထောက်နဲ့ ထောပတ်ပဲ     ယခင်တစ်ပတ်က တင်ပို့မှု သိသိသာသာ လျော့ကျခဲ့တဲ့ မြေထောက်ပဲနဲ့ ထောပတ်ပဲဟာ ယခုတစ်ပတ် (စက်တင်ဘာလ ၃ဝ ရက်မှ အောက်တိုဘာလ ၆ ရက်) အတွင်းမှာတော့ တင်ပို့မှု ပြန်လည်တိုးတက်လာတာ တွေ့ရပါတယ်။ ယခု တစ်ပတ်မှာ မြေထောက်ပဲ တန်ချိန် ၁၇ဝ ခန့်ကို ထိုင်းနဲ့ ဖိလစ်ပိုင်ကို တင်ပို့မှု ရှိ ခဲ့ပါတယ်။ စက်တင်ဘာလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၇ဝဝ ခန့်ရှိပြီး၊ သြဂုတ်လမှာ တန်ချိန် ၈ဝဝ ကျော်၊ ၉ဝဝ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုအနေနဲ့ တန်ချိန် ၃၅ဝ ခန့်သာ တင်ပို့မှုရှိခဲ့ သလို ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ အောက်တိုဘာလ ၁ ရက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ရှိရာမှ အောက်တိုဘာလ ၇ ရက်မှာ ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ကိုလျော့ကျလာတာ တွေ့ရပါတယ်။    ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်မှာ ကိုရီးယား၊ ဂျပန်နဲ့ စင်ကာပူကို တန်ချိန် ၁ဝဝ ခန့် ကို တိုးတက်တင်ပို့လာတာ တွေ့ရပါတယ်။ စက်တင်ဘာလ တစ်လလုံး ထောပတ်ပဲတန်ချိန် ၁၉ဝ ခန့်သာ တင်ပို့မှုရှိခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၃ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလမှာ တန်ချိန် ၆၇ဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တင်ပို့မှု သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ထောပတ်ပဲ ဈေးပြောင်းလဲခြင်းမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၈၄ဝ-၈၆ဝ ရှိကြောင်း သိရပါတယ်။                                                     MIRT- MAPT