Main menu

Background

စက်တင်ဘာလအတွင်း နိုင်ငံစုံမှ ဓာတ်မြေသြဇာ အဝင်ရှိ

Tue, 10/12/2010 - 03:23 -- Anonymous (not verified)

စက်တင်ဘာလအတွင်း နိုင်ငံစုံမှ ဓာတ်မြေသြဇာ အဝင်ရှိ      ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းက မြေသြဇာတင်သွင်းမှုက နယ်စပ် အဝင်လောက် ကျယ်ကျယ်ပြန့်ပြန့် မဝင်ပေမဲ့ လည်း ယခုစက်တင်ဘာလအဝင်က နိုင်ငံအစုံက တင်သွင်းလာတာတွေ့ရပါတယ်။ တရုတ်နိုင်ငံဘက်က သတင်းများအရပြည်တွင်းသုံးလိုအပ်ချက်အတွက် Export  တင်ပို့မှုကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့ကြောင်း သိရပြီး၊ တရုတ် ပြည်တွင်း ဈေးကွက်အတွင်း ဖော့စပိတ် ဓာတ်မြေသြဇာဈေးနှုန်းဟာ ဇွန်လမှစတင်ပြီး ဈေးနှုန်းမြင့်မားခဲ့ကြောင်း ပြည်တွင်း သုံးအတွက် လက်ကျန်ပြတ်လပ်နေကြောင်း သိရပါတယ်။      စက်တင်ဘာဓာတ်မြေသြဇာအဝင်ထဲမှာ ချီလီနိုင်ငံဘက်က တန်ချိန် ၁၃၄ တန်၊ တရုတ်နိုင်ငံဘက်က ၂၃ တန်၊ အီရန်ဘက်က ၁၆၈ တန်နဲ့ ထိုင်းနိုင်ငံဘက် က ၉၇၆ တန်ကျော်ဝင်လာခဲ့ပါတယ်။ ၂ဝ၁ဝ စက်တင်ဘာကပြီးခဲ့တဲ့ သြဂုတ်လလောက် အဝင်မကောင်းခဲ့ပေမဲ့လည်း ၂ဝဝ၉ စက်တင်ဘာလထက်တော့ သွင်းအား စုအခြေခံ ဓာတ်မြေသြဇာကို ဒေါ်လာ သုံးသိန်းဖိုးခန့် အဝင်ပိုမိုသွင်းခဲ့တာ တွေ့ရပါ တယ်။ ရက်သတ္တပတ်လချုပ်အနေနဲ့ယှဉ်ကြည့်ရင် စက်တင်ဘာ ၂၇ ရက်နေ့က အောက် တိုဘာ ၃ရက်နေ့ကာလထိ ဓာတ်မြေသြဇာအဝင်တန်ချိန် ၁၆၁၅ ဒသမ ၈၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၆၃၇၄ ဒသမ ၄၈ ဒေါ်လာဖိုး ပင်လယ်ရေ ကြောင်းလမ်းကနေ တင်သွင်းလာတာတွေ့ရပါတယ်။ ဒီတစ်ပတ် မှာတော့ ဆွစ်ဇာ လန်နိုင်ငံနဲ့ ထိုင်းနိုင်ငံထုတ် ဓာတ်မြေသြဇာများကို တင်သွင်းလာတာဖြစ်ပြီး ယခင် သီတင်းပတ် ဓာတ်မြေသြဇာအဝင်ထက် တန်ချိန်တစ်ထောင်ကျော် ပိုမိုတင်သွင်း လာတာတွေ့ရပါတယ်။                                                                                                                                      MIRT (DOT)