Main menu

Background

နယ်စပ်မှ တင်သွင်းမှုလျော့

Tue, 10/12/2010 - 03:29 -- Anonymous (not verified)

နယ်စပ်မှ တင်သွင်းမှုလျော့        နယ်စပ်စခန်းများမှ စက်တင်ဘာလနောက်ဆုံးပတ် ဓာတ်မြေသြဇာတင်သွင်း မှုဟာ အရင်အပတ်ကနဲ့နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံပဲ တင်သွင်းနိုင်တာကို တွေ့ရပါ တယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၆၂၇၆ တန်၊ ကော့ သောင်းမှ ၂၁၂ တန်၊ မြဝတီမှတန် ၁၉ဝ၊ ရိဒ်မှ တန် ၁၄ဝ၊ တာချီလိတ်မှ တန်ချိန် ၁၃ဝ နီးပါး အသီးသီးတင်သွင်းခဲ့တဲ့အတွက် စုစုပေါင်းတန်ချိန် ၇၃၉၉ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းနီးပါးဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်   က အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာကတော့ ယူရီးယား ဓာတ်မြေသြဇာဖြစ်ပြီး တန်ချိန် ၃၇၈ဝ နီးပါး တင်သွင်းခဲ့ပါတယ်။ ကော့သောင်းမှ ကွန်ပေါင်းဓာတ် မြေသြဇာ၊ မြဝတီမှ အမိုးနီးယမ်းဆာလဖိတ်နဲ့ ရိဒ်မှ ပိုတက်ရှ်တို့ကို အဓိကထား တင်သွင်း တယ်လို့သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး နယ်စပ် စခန်းများမှ ဓာတ်မြေသြဇာတန်ချိန် ၉၈၅ဝဝကျော်   တင်သွင်း နိုင်ခဲ့ပါတယ်။MIRT(DOBT)