Main menu

Background

ဒီနှစ်စက်တင်ဘာမှာ ရေကြောင်းအဝင်ပို(ဘိလပ်မြေ)

Tue, 10/12/2010 - 03:36 -- Anonymous (not verified)

ဒီနှစ်စက်တင်ဘာမှာ ရေကြောင်းအဝင်ပို            ယခုသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်နေ့ ကာလအထိ ဘိလပ်မြေတန်ချိန် ၄၇၉၃၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ဝ၆၅၇ဝ၇ ဒေါ်လာဖိုး ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင် များရဲ့ ဝယ်လက်နိုင်ငံတွေကတော့ ပါကစ္စတန်နိုင်ငံဘက်က ၂ဝ၈၁၄ တန်နဲ့ ထိုင်းနိုင်ငံဘက်က ၄၅၁၁၉ ဒသမ ၈၅ တန်အသီးသီး ခွဲခြားဝင်ခဲ့ တာတွေ့ရပါတယ်။ အဝင်တံဆိပ်တွေကတော့ စိန်တံဆိပ်၊ ဆင်တံဆိပ်နဲ့ White  တံဆိပ်စတဲ့ တံဆိပ်မျိုးစုံနဲ့ တင်သွင်းလာခဲ့ကြပြီး ယခင်သီတင်းပတ်ရဲ့ ဘိလပ်မြေ အဝင်တန်ချိန် ၃ဝ၁၄၃ ဒသမ ၅ တန်ရှိကာ ဒီတစ်ပတ် အဝင်တန်ချိန်မှာ ၄၇၉၃၄ တန်ဖြစ်ခဲ့တာကြောင့် တန်ချိန် ၁၇၇၉ဝ တန်လောက်အဝင်ပိုခဲ့တာတွေ့ရပါတယ်။ လချုပ်အနေနဲ့ ယှဉ်ကြည့်ရင် ပြီးခဲ့တဲလသြဂုတ် တစ်လလုံးရဲ့ ဘိလပ်မြေအဝင်တန် ချိန်မှာ ၂၉၉၉၈ တန်ရှိခဲ့ပြီး စက်တင်ဘာ တစ်လလုံးရဲ့ ဘိလပ်မြေအဝင်တန်ချိန်မှာ ၆၄၁၂၇ ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ တန်ချိန် ၃၄၁၂၉ တန်ပိုမိုဖြန့်ဖြူးဖို့ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဘိလပ်မြေဈေးနှုန်း များကလည်း လက်ကားဈေး ဘုရင့်နောင်မှာ ထိုင်းဆင်တစ်အိတ်ကို ၅ဝဝဝ-၅၁ဝဝ ဝန်းကျင် နဲ့ပဲ ပုံမှန်အရောင်း အဝယ်ခပ်အေးအေးပဲဖြစ်နေတယ်လို့ ဘုရင့်နောင်ကုန်သည်က ပြောပါတယ်။ ရေကြောင်းအဝင်ကို ယခင် နှစ်အလားတူကာလအဝင်နဲ့ ယှဉ်ရင် ယခုနှစ် စက်တင်ဘာလက တည်ဆောက်ရေးလုပ်ငန်းသုံးအတွက် ပြည်တွင်းအသွင်း နှစ်ဆ ကျော်ကျော် ပင်လယ်ရေကြောင်းကအသွင်းပိုခဲ့တာတွေ့ရပါတယ်။ MIRT (DOT)