Main menu

Background

စက်တင်ဘာလအတွင်း နယ်စပ်မှဘိလပ်မြေတန်ချိန် ၄ဝဝဝဝနီးပါးတင်သွင်း

Tue, 10/12/2010 - 04:05 -- Anonymous (not verified)

စက်တင်ဘာလအတွင်း နယ်စပ်မှဘိလပ်မြေတန်ချိန် ၄ဝဝဝဝနီးပါးတင်သွင်း     နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလအတွင်းမှာ ဘိလပ်မြေ တန်ချိန် ၄ဝဝဝဝ နီးပါး တင်သွင်းနိုင်ခဲ့တယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ မြိတ်၊ တာချီလိတ်၊ ကော့ သောင်းနဲ့ မောင်တော တို့မှ စက်တင်ဘာလနောက်ဆုံးအပတ်မှာ ဘိလပ်မြေတန်ချိန် ၅၁၃၇ တန်ကျော်၊တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၅၅၉ သန်းဖိုး တင်သွင်းခဲ့တာပါ။ စက်တင်ဘာလနောက်ဆုံးပတ်မှာ စခန်းအလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ် မှ ၄၄၄ တန်၊ ကန်ပိုက်တီးမှ ၂၈၁ဝ တန်၊ လွယ်ဂျယ်မှ ၅ဝ၉ တန်၊ တာချီလိတ်မှ ၆၁၈ တန်ကျော်၊ မြိတ်မှ ၆၅၆ တန်၊ မောင်တောမှ ၇၅ တန်ခန့်နဲ့ ကော့သောင်းမှ ၂၅ တန်ခန့် အသီးသီးတင်သွင်းခဲ့တယ်လို့ သိရပါတယ်။                                MIRT (DOBT)