Main menu

Background

ပဲပုပ်ဆီနဲ့ ရေနံဈေးမြင့်လာလို့ စားအုန်းဆီကြမ်းဈေးမြင့်လာ

Tue, 10/12/2010 - 04:42 -- Anonymous (not verified)

ပဲပုပ်ဆီနဲ့ ရေနံဈေးမြင့်လာလို့ စားအုန်းဆီကြမ်းဈေးမြင့်လာ         ပဲပုပ်ဆီနဲ့ ရေနံဈေးနှုန်းမြင့်လာလို့ ရင်းနှီးမြှုပ်နံှသူများ ဝယ်ယူဖို့ စိတ်ဝင်စား လာကြတာကြောင့် အောက်တိုဘာ ၆ ရက်နေ့ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးအမြင့်ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ စာချုပ် အခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၂၅ (ကန်ဒေါ်လာ ၈ ဒသမ ဝ၇) မြင့်ပြီး ရင်းဂစ် ၂၇၃ဝ (ကန်ဒေါ်လာ ၈၈၁) ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလ စားအုန်းဆီ ထုတ်လုပ်မှုက ယခင်လထက် ၂ ရာခိုင်နှုန်း လျော့ကျခြင်းကလည်း ဈေးနှုန်းကို ပိုမိုခိုင်မာ စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။     စားအုန်းဆီခဲနဲ့ ပဲပုပ်ဆီဈေးနှုန်းအကြား ကွာခြားမှု ပိုမိုခြင်းကြောင့်လည်း  အောက်တိုဘာလအတွင်း ပြည်ပတင်ပို့မှု ပိုမိုနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ မလေးရှားဆိပ်ကမ်းမှာ စားအုန်းဆီခဲ FOB ဈေးဟာ အာဂျင်တီးနားပဲပုပ်ဆီ ဈေးထက် တစ်တန်ကို ကန်ဒေါ်လာ ၄ဝ-၅ဝ ခန့် ဈေးသက်သာတယ်လို့ သိရပါတယ်။ ရင်းဂစ်တန်ဖိုး မာနေချိန်မှာ စားအုန်းဆီလက်ငင်း ဈေးက တစ်တန်ကို ၃ ဒေါ်လာခန့် ဈေးမြင့်ပြီး ကမ်းလှမ်းရတယ်လို့ စားအုန်းဆီ တင်ပို့သူတစ်ဦးက ဆိုပါ တယ်။ ယခုနှစ် လက်ရှိ အချိန်ထိ ကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ရင်းဂစ်တန်ဖိုးဟာ ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။      စားအုန်းဆီထုတ်လုပ်မှု တိုးတက်ခြင်းနဲ့ သိုလှောင်မှုကျဆင်းခြင်းတို့ကြောင့် စားအုန်းဆီဈေးဟာ တစ်တန်ကို ရင်းဂစ် ၂၆၉ဝ -၂၇၅ဝ (ကန်ဒေါ်လာ ၈၆၈- ၈၈၈) အတွင်းမှာ ပြောင်းလဲနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ စားအုန်းဆီခဲ နိုဝင်ဘာပို့ရမယ့် ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၉၂၇ ဒသမ ၅ဝ နဲ့ ၉၃ဝ ဈေးအရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။                                                                                                          ယုဇန၊ Sources: palmoil / hq.com