Main menu

Background

အမေရိကန်ပဲပုပ်ကို ပြည်ပအဝယ်တက်တာကြောင့် ပဲပုပ်ဈေးနှုန်းမြင့်တက်

Tue, 10/12/2010 - 06:12 -- Anonymous (not verified)

 အမေရိကန်ပဲပုပ်ကို ပြည်ပအဝယ်တက်တာကြောင့် ပဲပုပ်ဈေးနှုန်းမြင့်တက်     ကမ္ဘာမှာ ပဲပုပ်အများဆုံးထုတ် လုပ်သူလဲဖြစ် တင်ပို့သူလဲဖြစ်တဲ့ အမေရိကန်ပဲပုပ်ကို ပြည်ပက ဝယ်လိုအား တက်လာတာ ကြောင့် သီတင်းတစ်ပတ် ကျော်အတွင်း ပဲပုပ်ဈေးနှုန်း အမြင့် ဆုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်တဲ့  ဈေးကွက်ရာသီအတွင်း တရုတ်နိုင်ငံကို တင်ပို့ဖို့ အမေရိကန်တင်ပို့သူများက တန်ချိန် ၂၂၅ဝဝဝ ရောင်းချခဲ့တယ်လို့ စိုက်ပျိုးရေး ဌာနက ပြောကြားခဲ့ပါ တယ်။ အီဂျစ်နိုင်ငံပိုင် စားနပ်ရိက္ခာလုပ်ငန်း ကုမ္ပဏီကလည်း ပဲပုပ်ဆီတန်ချိန် ၂ဝဝဝဝ ဝယ်ယူဖို့ တင်ဒါတစ်ခုခေါ်ယူ ခဲ့ပါတယ်။     အမေရိကန်ပဲပုပ်ကို တရုတ်နိုင်ငံ က အဝယ်ဆက်ရှိနေခြင်းက ဈေးနှုန်း ကို ပိုမိုမြင့်တက်စေတယ်လို့ ဆိုပါတယ်။ ချီကာကိုမှာ နိုဝင်ဘာပို့ရမယ့် ပဲပုပ်ကြို  ပွိုင့်ဈေးဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၇၁၇၅ (တစ်တန်ကို ကန် ဒေါ်လာ ၃၉၆) ဈေးဖြစ်ခဲ့လို့ စက်တင် ဘာလ ၂၄ ရက်နောက်ပိုင်း အမြင့်ဆုံး ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဒေါ်လာတန်ဘိုးဟာ ယူရိုနဲ့ ယန်း အပါအဝင် အခြားအဓိက ငွေကြေး များနဲ့ နှိုင်းယှဉ်ရင် ဇန်နဝါရီလထဲက အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒေါ်လာတန်ဖိုး ကျဆင်း ခြင်းက ပြည်ပဝယ်လက်များအတွက် အမေရိကန်ကောက်ပဲသီးနံှ ဝယ်ယူဈေးနှုန်းကို လျော့ကျစေပါတယ်။ စက်တင်ဘာလ ၂၃ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အမေရိကန်ပဲပုပ် တင်ပို့မှုဟာ ယခင် တစ်ပတ်ထက် ၆ဝ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၇၃၈ သန်းရှိတယ်လို့ USDA  စာရင်းအရ သိရပါတယ်။                                                                                                                             ယမင်းခင်၊ှ                                                                                                                 Sources: Bloomberg.com