Main menu

Background

မတ်ပဲ ဈေးငြိမ်သလောက်ရှိနေ

Tue, 10/12/2010 - 06:32 -- Anonymous (not verified)

         ယခုနှစ်မိုးရာသီ ပဲမျိုးစုံစိုက်ဧရိယာဟာ ယခင်နှစ်ထက် သိသိ သာသာပိုမိုကာ အထူးသဖြင့် ပဲစင်းငုံနဲ့ မတ်ပဲစိုက်ပျိုးမှုက သိသိသာ သာ မြင့်တက်နေတာကြောင့် ပဲမျိုးစုံဈေး အကျဘက်ကို ဆင်းနေ တယ်လို့ သိရပါတယ်။ စိုက်ပိုျးရေးဝန်ကြီးဌာနရဲ့ မိုးပဲမျိုးစုံ တန်ချိန် ၆ သန်းအထိ ထွက်ရှိမယ်ရည်မှန်းထားရာ အစောပိုင်းခန့်မှန်းထားတဲ့ တန်ချိန် ၄ ဒသမ ၃ သန်းထက် ၄ဝ ရာခိုင်နှုန်းမြင့်တက်ခန့်မှန်းထား ကြောင်း သိရပါတယ်။မတ်ပဲ ဈေးငြိမ်သလောက်ရှိနေ          အိန္ဒိယပြည်တွင်း လက်ကားဈေးကွက်များမှာ မတ်ပဲဈေးက လက်ရှိဈေးဝန်းကျင်မှာ ငြိမ်သလောက်ရှိနေတာ တွေ့ရပါတယ်။ အချို့ရက်များမှာ အဝယ်ပြန်လိုက်လာလို့ ဈေးပြန်မာတာတွေရှိပေမဲ့ များများစားစားပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်နဲ့ ရာဂျက်စသန်တို့လို့ အဓိကပဲစိုက်ပျိုးတဲ့ ဒေသများမှာ ပဲအသစ်ဝင် ရောက်မှု တိုးတက်လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲအသစ်များမှာ အစိုဓာတ်ပါဝင်မှုများခြင်းက ဈေးနှုန်းကို ကျဆင်းစေပါတယ်။ ရိတ်သိမ်းကာလအတွင်း မိုးရွာသွန်းတာကြောင့် ကာနာတာကာမှာ ပဲ အထွက်နှုန်း ထိခိုက်နိုင်တယ်လို့ဆိုပါတယ်။ ဝယ်လို အားနည်းနေတာ ကြောင့် ကာလတိုအတွင်း အကျဘက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာ မတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                                 ဒေါ်လာ/တန်  ဈေးကွက်      ၇ .၁ဝ. ၁ဝ             ၆ .၁ဝ .၁ဝ       ၅ .၁ဝ.၁၀          ၄ .၁ဝ .၁ဝမွန်ဘိုင်း            ၉၉၄                      ၁ဝဝ၅           ၁ဝဝ၆                ၁ဝ၁၈ဒေလီ               ၁ဝဝ၅                    ၁ဝဝ၅             ၁ဝဝ၆           ၁ဝဝ၇-၁ဝ၁၃ချန်နိုင်း          ၁ဝ၁၁-၁၁၉၁         ၁ဝဝ၅-၁၁၈၅    ၉၈၉-၁၁၆၈       ၉၉၆-၁၁၇၅