Main menu

Background

ကုလား ပဲဈေး အနည်းငယ်လျော့

Tue, 10/12/2010 - 06:48 -- Anonymous (not verified)

ကုလား ပဲဈေး အနည်းငယ်လျော့          အဓိက လက်ငင်းဈေးကွက်များမှာ ဝယ်လိုအားနည်းနေတာ ကြောင့် ယခုတစ်ပတ်အတွင်း ကုလားပဲဈေး အနည်းငယ် လျော့ကျခဲ့ ပါတယ်။ ဆောင်းရာသီစိုက်ပိုျးမယ့် ကုလားပဲရဲ့ အနိမ့်ဆုံး ထောက်ပံ့ ဈေးနှုန်း (MSP)  တစ်တန်ကို ရူပီး ၁၇၆ဝဝ (ကန်ဒေါ်လာ ၃၉၅) မှ ရူပီး ၂၁ဝဝဝ(ကန်ဒေါ်လာ ၄၇၁)ကိုတိုးမြှင့်ဖို့တင်ပြခြင်းက ကာလ တိုအတွင်း ဈေးကွက်ကို များစွာ သက်ရောက်မှု မရှိသေးကြောင်း သိရပါတယ်။ တန်ဇန်းနီးယားမှ တင်သွင်းထားတဲ့ ကုလားပဲများ ရောက်ရှိလာခြင်းကြောင့် ရောင်းအားများလာခြင်းအပြင် မြေဆီလွှာ အစိုဓာတ်ရှိနေခြင်းက ဆောင်းသီးနံှအတွက် အလားအလာကောင်း လျက်ရှိတာကြောင့် ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                               ဒေါ်လာ/တန် ဈေးကွက်     ၇ .၁ဝ .၁ဝ           ၆ .၁ဝ .၁ဝ           ၅ .၁ဝ .၁ဝ             ၄ .၁ဝ .၁ဝမွန်ဘိုင်း       ၅၃၅-၅၃၇            ၅၄၂-၅၄၇               ၅၃၇                  ၅၂၆-၅၃၂ဒေလီ               ၅၁၉                 ၅၂၅                    ၅၂၅                      ၅၂ဝကန်ပါ          ၅၃၄-၅၃၅               ၅၄ဝ                 ၅၃၄-၅၃၆                  ၅၃၇