Main menu

Background

ပဲတီစိမ်း ဈေး ပြန်ခိုင်မာလာ

Tue, 10/12/2010 - 07:22 -- Anonymous (not verified)

ပဲတီစိမ်း ဈေး ပြန်ခိုင်မာလာ          အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ဒီတစ်ပတ်အတွင်း ပဲတီစိမ်းဈေး ပြန်မာလာပါတယ်။အဝယ်သွက်လာ ခြင်းအပြင် ရာဂျက် စသန်ကို ဝင်ရောက်လာတဲ့ ပဲတီစိမ်းများမှာလည်း အရည်အသွေး ကောင်းပဲများဖြစ်လို့ ဈေးနှုန်းခိုင်မာလာတာဖြစ်ပါတယ်။ အင်ဒရာ ပရာဒေ့ရှ်ကိုတော့ ပဲအသစ်ဝင်ရောက်မှု လျော့ကျလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဈေးကွက်အတွင်း ပဲရရှိနိုင်မှု အကန့်အသတ် သာရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ တန်ဇန်းနီးယားမှ တင်သွင်းပဲများ ဝင်ရောက်လာခြင်းက တော့ ရောင်းအားကို ပိုမိုများစေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်း လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်ဇယား-၃                                                                              ဒေါ်လာ/တန် ဈေးကွက်                   ၇ .၁ဝ .၁ဝ         ၆ .၁ဝ .၁ဝ            ၅ .၁ဝ .၁ဝ          ၄ .၁ဝ .၁ဝမွန်ဘိုင်း (ပဲတီရွှေဝါ)  ၁ဝ၈၄-၁၁၂၉         ၁ဝ၈၄-၁၁၂၉         ၁ဝ၇၃-၁၁၁၈     ၁ဝ၇၄-၁၁၁၉ချန်နိုင်း (ပဲတီရွှေဝါ)   ၁ဝ၃၉                  ၁ဝ၃၈                       ၁ဝဝ၆            ၁ဝဝ၇ဒေလီ                      ၁ဝ၁၆                ၁ဝ၁၆                  ၁ဝဝ၆-၁ဝ၂၉     ၁ဝဝ၇-၁ဝ၃ဝ