ပဲစင်း ငုံဈေး အနည်းငယ်လျော့ အဓိကလက်ငင်းဈေးကွက်များမှာ ပဲခွဲစက်များမှ အဝယ်လျော့တာကြောင့် ပဲစင်းငုံဈေးလျော့လာပါတယ်။ လက်ရှိ ရာသီဥတုက ပဲထုတ်လုပ်တဲ့ဒေသများက သီးနံှအထွက်ကောင်းဖို့ အခြေအနေဖြစ် နေပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ စက်တင်ဘာလ ၂၉ ရက် စာရင်း အရ ပဲစင်းငုံစိုက်ပျိုးမှုဟာ ဟက်တာ ၂ သိန်းကျော် ပိုမိုနေပါတယ်။ ကာနာတာကာမှာ လက်ရှိ ပဲစင်းငုံလက်ကျန်ဟာ ပုံမှန်ကျန်ရှိတဲ့ အိတ်ပေါင်း ၅ သိန်း၊ ၁ဝ သိန်းအထက်မှာရှိနေတယ်လို့ သိရပါတယ်။ ကာလတို အတွင်း ဈေးနှုန်းလျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန်ဈေးကွက် ၇ .၁ဝ .၁ဝ ၆ .၁ဝ .၁ဝ ၅ .၁ဝ .၁ဝ ၄ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၈၅ ၇၉၆ ၇၉၉-၈ဝ၅ ၇၉၅-၈ဝဝဒေလီ(မြန်မာပဲစင်းငုံ) ၇၉ဝ ၈ဝ၁ ၈၁၆ ၈ဝ၆ချန်နိုင်း(မြန်မာပဲစင်းငုံ) ၈ဝ၂ ၈ဝ၁ ၇၈၃ ၇၈၃-၇၉၅ှSource: agriwatch.com , MIRT (Yangon)
Background