Main menu

Background

မောင်တောမှ ရေထွက်ကုန်များတင်ပို့မှု

Tue, 10/12/2010 - 08:02 -- Anonymous (not verified)

မောင်တောမှ ရေထွက်ကုန်များတင်ပို့မှု       မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ အဓိက ရေထွက်ကုန် ရေငန်ပုစွန်များကို ဧပြီလမှ စက်တင်ဘာလအထိ ပထမ ခြောက်လအတွင်း တန်ချိန် ၄၈၄ ဒသမ ၈၅ တန် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၇၅၇ သန်း တင်ပို့ထားပြီးဖြစ်ပါတယ်။       မောင်တောနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ရေထွက်ပစ္စည်းများတင်ပို့ ခဲ့ရာတွင် ငါးခူရနှင့် ဇော်မတက် ငါးပုစွန် ကုန်စည်ဒိုင်များ ဖွင့်လှစ်တင်ပို့လျက် ရှိပါတယ်။ တစ်ဘက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ရေငန်ပုစွန် အပါအဝင် ငါးစုံလေး ခြောက်၊ ရေငန်ငါးသလောက်၊ ငါးကုန်းညိုခြောက်၊ ငါးနီတူခြောက်များကို အဓိက တင်ပို့ လျက်ရှိနေပါတယ်။ လ အလိုက် ရေထွက်ကုန် တင်ပို့မှုများကတော့ ဧပြီလ မှာ ၇၄ ဒသမ ၃၅ တန်၊ မေလမှာ ၁၆၈ ဒသမ ၄၈ တန်၊ ဇွန်လမှာ ၁၆၉ ဒသမ ၅၂ တန်၊ ဇူလိုင်လမှာ ၁ဝ၄ ဒသမ ၉၃တန်၊ သြဂုတ်လမှာ ၃၅ ဒသမ ၉၂ တန်နဲ့ စက်တင်ဘာလမှာ ၉၅ ဒသမ ၇ဝ တန်အသီးသီး တင်ပို့ထားပြီး ဖြစ်ပါတယ်။ှ                                                                                                     Source:နကသ (မောင်တော)                                                                                                                     မြင့်မြင့်မာ