Main menu

Background

တရုတ်ပွဲတော်များကြောင့် မြန်မာရေထွက်ကုန်ပစ္စည်းအရောင်းသွက်ပြီး ဈေးကောင်းရခဲ့

Tue, 10/12/2010 - 08:21 -- Anonymous (not verified)

တရုတ်ပွဲတော်များကြောင့် မြန်မာရေထွက်ကုန်ပစ္စည်းအရောင်းသွက်ပြီး ဈေးကောင်းရခဲ့အောက်တိုဘာလ ၁ ရက်မှာကျရောက်တဲ့တရုတ်အမျိုးသားအောင်ပွဲနေ့နဲ့ ဆက်လက်ကျင်းပမဲ့ တရုတ် လမုန့် ပွဲတော် များကြောင့် မြန်မာ့ရေထွက်ပစ္စည်းများကို တရုတ်ဘက်မှ ပိုမိုဝယ်ယူလျက်ရှိပြီး ငါးရှဉ့် တစ်တန်လျှင် အနိမ့်ဆုံး ဈေး ကန်ဒေါ်လာ ၁၉၇ဝ မှ အမြင့်ဆုံးဈေး ၃ဝ၄ဝ ထိရရှိကြောင်းသိရပါတယ်။      မူဆယ်နယ်စပ်စခန်းမှ တစ်ဆင့် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်း  ငါးရှဉ့်တန်ချိန် ၁ဝဝဝ ကျော်ကို ကန်ဒေါ်လာ ၃ သန်းနီးပါးဖိုးတင်ပို့ခဲ့သလို ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း တန်ချိန် ၃၄ တန်ကျော်ကို တန်ဖိုးကန်ဒေါ်လာ ၇ သောင်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။      '' ကန်ပိုက်တီးဘက်ကတော့ ကချင်ပြည်နယ်ထွက် ငါးရှဉ့်တွေကို ပို့ပါတယ်။ မိုးကောင်း၊ မိုးညှင်း၊ ကာမိုင်း ဒေသထွက် ငါးရှဉ့်တွေပါ။ အခြားဒေသတွေက ထွက်ရှိတဲ့ ငါးရှဉ့်တွေကိုတော့ မူဆယ်ကနေ ပို့ပါတယ်'' ဟု နယ်စပ်ကုန်သည် အသင်းမှ သတင်းရရှိပါတယ်။                                                                                                                           မော်မော်အောင်(MIRT)